သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံကို ကြာသပတေးနေ့ ဆိုက်ရောက်မည်


မြန်မာစစ်အစိုးရနဲ့ အတိုက်အခံအကြား စေ့စပ်
ညှိနှိုင်းရေး လုပ်ငန်းစဉ်တရပ် စတင်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး
အကြံပေး မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ
(Mr Ibrahim Gambari) ဟာ မြန်မာနိုင်ငံကို ဒီသီတင်းပတ်အတွင်း သွားရောက်မှာဖြစ်ပါတယ်။

မစ္စတာဂမ်ဘာရီဟာ မြန်မာနိုင်ငံကို ကြာသပတေး
နေ့ ရောက်ရှိမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ လိုရင်
လိုသလောက် ကြာကြာနေမှာဖြစ်တယ်လို့ ကုလ
သမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မစ်ရှဲ
မွန်းတပ်စ် (Michelle Montas) က ပြောပါတယ်။

မနှစ်က စက်တင်ဘာမှာ ဒီမိုကရေစီရေး တောင်းဆိုသူတွေကို စစ်အစိုးရက သွေးထွက်
သံယို နှိမ်နင်းခဲ့ပြီးနောက်ပိုင်း မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံကို သွားရောက်ခဲ့တာ အခု
အကြိမ်နဲ့ဆိုရင် သုံးကြိမ်မြောက်ရှိသွားပါပြီ။

တလောကပဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအတွက် လူထုဆန္ဒခံယူပွဲကျင်းပမယ်၊ ရွေးကောက်ပွဲတွေလည်း ကျင်းပမယ်ဆိုပြီး စစ်အစိုးရက ကြေညာခဲ့တာဟာ ကောင်းတဲ့လက္ခဏာတွေပါလို့ မစ္စတာဂမ်ဘာရီက ပြောပါတယ်။ မြန်မာစစ်အစိုးရဟာ လူထုဆန္ဒခံယူပွဲကို မေလမှာကျင်းပမယ်၊ အထွေထွေရွေးကောက်ပွဲတွေကို လာမယ့်
သက္ကရာဇ် ၂၀၁၀ ခုနှစ်မှာ ကျင်းပမယ်ဆိုပြီး ဖေဖော်ဝါရီလကပဲ ကြေညာခဲ့ပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့် တားမြစ်ထားတာကြောင့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဒေသတွင်းခေါင်းဆောင်တွေရော၊ အမေရိကန်
ပြည်ထောင်စုကပါ ဝေဖန်နေကြပါတယ်။

XS
SM
MD
LG