သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက်ကိန်း ရီပတ်ဘလီကန် သမ္မတလောင်းဖြစ်ဖို့သေချာ၊ ကလင်တန်နဲ့ အိုဘားမားတို့ အကြိတ်အနယ် ဆက်ပြိုင်ကြဖို့ရှိ


အမေရိကန် သမ္မတ အကြိုရွေးကောက်ပွဲတွေမှာ ရီပတ်ဘလီကန်က အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကတော့ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်အရွေးခံဖို့ အသင့်ဖြစ်နေပါပြီ။ မတ်လ (၄)ရက် အင်္ဂါနေ့မှာ ယှဉ်ပြိုင်ခဲ့တဲ့ အိုဟိုင်းယိုး၊ တက္ကဆက်၊ ဗာမောက်နဲ့ ရိုဒ့်အိုင်းလန်းပြည်နယ် (၄)ခုစလုံးမှာ ဂျွန်မက်ကိန်းက သူ့ရဲ့ ပြိုင်ဖက်တွေကို အနိုင်ရလိုက်ပါတယ်။

ဒီမိုကရက်ပါတီအတွက် အထက်လွှတ်တော်အမတ် ဟီလာရီက သူ့ရဲ့ ပြိုင်ဖက် အထက်လွှတ်တော် အမတ် အိုဘားမားကို အကြီးဆုံးနဲ့ အရေးအပါဆုံး ပြည်နယ်ဖြစ်တဲ့ အိုဟိုင်းယိုး၊ တက္ကဆက်နဲ့ ရိုဒ့်အိုးလန်း ပြည်နယ်(၃)ခုမှာ အနိုင်ရလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG