သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ သံဃာတော်တွေUNHCR ရုံးကို ဆန္ဒပြ


သောကြာနေ့က ထိုင်းမြန်မာနယ်ခြား မဲဆောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ရှေ့မှာ မြန်မာသံဃာတော်တချို့ ဆန္ဒပြခဲ့ကြပြီး သံဃာတော်တွေရဲ့ လုံခြုံမှုနဲ့ အနာဂတ်ကို မေးခွန်းထုတ်ခဲ့ကြပါတယ်။

ဆန္ဒပြတဲ့ သံဃာတော်တွေဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ငြိမ်းချမ်းစွာ ကြွချီခဲ့တဲ့ သံဃာတော်တွေကို မြန်မာ စစ်အစိုးရ အာဏာပိုင်တွေ အကြမ်းဖက် နှိမ်နှင်းခဲ့ပြီးနောက်ပိုင်းမှာ ထိုင်း မြန်မာနယ်စပ်ကို ရောက်လာခဲ့တဲ့ သံဃာတော်တွေဖြစ်ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအနေနဲ့ အခုလို ထိုင်းမြန်မာနယ်ခြားကို ထွက်ပြေးလာတဲ့ သံဃာတော်တွေကို ပိုပြီး အကူအညီပေးဘို့ ကာကွယ်ပေးဘို့ ဆန္ဒပြနေကြပါတယ်။

UNHCR ဟာ နီးစပ်ရာလူတစ်စုအကျိုးကိုပဲ ပြုနေပြီး အများအတွက် ထိထိရောက်ရောက် မဆောင်ရွက်နိုင်ဘူးဆိုပြီး ရေးသားထားတဲ့ ပိုစတာတွေကိုလည်း သံဃာတော်တွေက ကိုင်ဆောင်ခဲ့ကြပါတယ်။

ဆန္ဒပြသံဃာတော်တပါးဖြစ်တဲ့ ဆရာတော် ဦးကောဝိဒက အခုအချိန်အထိ သံဃာတော်တွေရဲ့ အနာဂတ်ကို မသိရသေးတဲ့အတွက် ဆန္ဒလာပြရတာဖြစ်တဲ့အကြောင်း ပြောဆိုသွား ပါတယ်။

ကုလသမဂ္ဂ ဒုက္ဒသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အရာရှိတစ်ဦးကတော့ ရုံးအပြင်မှာ ဆန္ဒပြခဲ့တဲ့ သံဃာတော်တွေကို ရုံးထဲကို ပင့်ဖိတ်ပြီး ဆွေးနွေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG