သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒိန်းမတ်နဲ့ နယ်သာလန် သံရုံးတွေ ပိတ်ပေးဖို့ အာဖဂန်နစ္စတန်မှာ ဆန္ဒပြ


အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးမှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက အစ္စလာမ်ဘာသာ အပေါ် စော်ကားတယ်လို့ ယူဆရတဲ့ ကာတွန်း ရုပ်ပြောင်နဲ့ ရုပ်ရှင်အတွက် ဒိန်းမတ်နဲ့ နယ်သာလန် အလံတွေကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

ဒေါသဖြစ်နေတဲ့ ဆန္ဒပြသူတွေဟာ သောကြာနေ့ ဝတ်ပြု ဆုတောင်းပြီး စုဝေး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒိန်းမတ်နဲ့ နယ်သာလန်နိုင်ငံက တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်က ရုတ်သိမ်း ပေးဖို့နဲ့ သံရုံးတွေကိုလည်း ပိတ်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ အစ္စလမ်ဘာသာရဲ့ ကိုရမ်ကျမ်းစာကို ဝေဖန် တယ်ဆိုတဲ့ ဒတ်(ချ်) ရုပ်ရှင် ဒါရိုက်တာရဲ့ ရုပ်ထုကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်က ထုတ်ဝေခဲ့တဲ့ တမန်တော် မိုဟာမက်ကို လှောင်ပြောင်သရော်တဲ့ ကာတွန်းရုပ်ပြောင်ကို ပြန်လည် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ သတင်းစာကိုလည်း ဆန္ဒပြသူတွေက ဒေါသနဲ့ ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ လကလည်း အလားတူ ဆန္ဒပြပွဲတွေ ပါကစ္စတန်နိုင်ငံမှာ ပေါ်ပေါက်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အိုစမာ ဘင်လာဒင်က ဒီ တမန်တော် မိုဟာမက်ကို လှောင်ပြောင်တဲ့ ကာတွန်းကို ပုံနှိပ်ခွင့်ပြုခဲ့တဲ့အတွက် ဆိုပြီး ဥရောပ အဖွဲ့ဝင် နိုင်ငံတွေကို သတိပေးတဲ့ အသံသွင်း တိပ်ခွေကို ဖြန့်ဝေခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG