သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀ မှာ အရပ်သားအစိုးရ အာဏာလွှဲပေးမယ်လို့ စစ်အစိုးရခေါင်းဆောင် ကတိပေး


၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်ပြီးရင် အရပ်
သားအစိုးရကို အာဏာလွှဲအပ်မယ်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တပ်မတော်နေ့
မှာ မြန်မာလူထုနဲ့ တပ်မတော်ကို ကတိပြု
လိုက်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အာဏာလွှဲပြောင်းရေးကတိကို ယနေ့
တပ်မတော်နေ့မှာ ပြောကြားခဲ့တာ ဖြစ်ပါ
တယ်။ ဒီရက်ပိုင်းဟာ မနှစ် စက်တင်ဘာလ
မှာ စီးပွားရေးကျပ်တည်းမှုနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုခဲ့တဲ့
ရဟန်းသံဃာတွေနဲ့ ပြည်သူလူထုရဲ့ လူထု
လှုပ်ရှားမှု ၆ လပြည့် အချိန်အခါ ဖြစ်ပါတယ်။
စက်တင်ဘာ လူထုအုံကြွမှုကို အစိုးရက
ပြင်းပြင်းထန်ထန် ဖိနှိပ်ခဲ့တဲ့အတွက် နိုင်ငံတကာ အသိုက်အဝန်းက နှာခေါင်းရှုံ့ ရှုတ်ချ
ခဲ့ကြပါတယ်။

တပ်မတော်ဟာ အာဏာမရူးခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အထူးပြုပြောဆို
သွားခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ရေးသားကြပါတယ်။ လူထုလူတန်းစား
အသီးသီးရဲ့ ကိုယ်စားလှယ်တွေလို့ စစ်အစိုးရကခေါ်ဆိုတဲ့ မိမိစိတ်ကြိုက်ရွေး ပုဂ္ဂိုလ်
များနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို မူချရေးဆွဲခဲ့တာကို ပြီးခဲ့တဲ့လက လက်စသတ်ခဲ့ပြီး လူထု
ဆန္ဒခံယူပွဲ ကျင်းပမယ်လို့ စစ်အစိုးရက ပြီးခဲ့တဲ့လမှာ ကြေညာခဲ့ပါတယ်။ အဲဒီ
ဖွဲ့စည်းအုပ်ချုပ်ပုံအပေါ် ဆန့်ကျင်သူများကို ချေမှုန်းရာမှာ ပြည်သူလူထုက
တပ်မတော်နဲ့ ပူးပေါင်းဖို့လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တပ်မတော်နေ့မိန့်ခွန်းမှာ တိုက်တွန်းသွားခဲ့ပါဘယ်။

အဆိုပါ ဖွဲ့စည်းအုပ်ချုပ်ပုံကို ဝေဖန်သူတွေကတော့ တပ်မတော်အာဏာ ဆက်လက်
ဆုပ်ကိုင်ထားဖို့ လုပ်ထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။

အလားတူ အရပ်သားအစိုးရသို့ အာဏာလွှဲပြောင်းရေးကတိကို ဗိုလ်ချုပ်မှူးကြီး
သန်းရွှေ မတိုင်မီ မြန်မာ့တပ်မတော်ခေါင်းဆောင်တွေဟာ ၂ ကြိမ် ကတိပေး စီစဉ်
ခဲ့ဖူးပါတယ်။ နောက်ဆုံးတကြိမ်ကတော့ ရွေးကောက်ပွဲပြီးတာနဲ့ တပ်မတော် စစ်တန်း လျားပြန်မယ်လို့ ၁၉၉၀ ရွေးကောက်ပွဲကာလအတွင်း ဗိုလ်ချုပ်မှူးကြီးစောမောင်က ကတိပေးခဲ့ပါတယ်။ အဲဒီအရင်တကြိမ်ကတော့ တော်လှန်ရေးကောင်စီက မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အာဏာလွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG