သုံးရလွယ်ကူစေသည့် Link များ

ထိန်းသိမ်းခံ မြန်မာဘလော့ဂ်ဂါက ကိုယ်တိုင် ဘာကြောင့်အဖမ်းခံထားရမှန်း မသိလို့ ပြော


ကွန်ပျူတာစာမျက်နှာမှာ စာတွေရေးသား
နေတဲ့ ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်ဟာ
ဖေဖော်ဝါရီလကတည်းက အဖမ်းခံနေရပေ
မယ့် သူဘာကြောင့်အဖမ်းခံနေရတယ်ဆိုတာ မသိရတဲ့အပြင် ဘယ်အချိန်လွတ်မယ်ဆိုတာ
ကိုလည်း အခုထိ မသိရသေးဘူးလို့ လူ့အခွင့်
အရေး အဖွဲ့ကြီးက ဒီနေ့ ပြောကြားလိုက်ပါ
တယ်။

ကိုနေဘုန်းလတ်ရဲ့မိခင်ကို မနေ့က တနင်္လာ
နေ့မှာ သားဖြစ်သူနဲ့ တွေ့ခွင့်ပေးခဲ့တုန်းက
သူဟာ အခုရောက်နေတဲ့ အင်းစိန်အကျဉ်း
ထောင်ထဲကနေ လွတ်လမ်းမမြင်သေးဘူးလို့ ပြောပါတယ်။ ကိုနေဘုန်းလတ်ကို ဒီလ
ကုန်လောက်မှာ ရုံးထုတ်ဖို့ရှိတယ်လို့လည်း သွားတွေ့တဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ကိုနေဘုန်းလတ်ဟာ ထောင်ဒဏ် ၇ နှစ်
အထိ ကျနိုင်ဖွယ်ရာရှိတယ်လို့ ပြောပါတယ်။ ကိုနေဘုန်းလတ်ဟာ ရန်ကုန်က အင်တာနက်ကဖေးဆိုင်နှစ်ဆိုင် ပိုင်ဆိုင်သူဖြစ်ပြီး ခေတ်လူငယ်တွေ ကြုံတွေ့ခံစားနေ
ရတဲ့ အခက်အခဲတွေ၊ အကျပ်အတည်းတွေကို အင်တာနက်မှာ စာမျက်နှာဖွဲ့ပြီး ရေးသားနေသူဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG