သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်ဆယ်လ်ဗေးနီးယား ပဏာမရွေးကောက်ပွဲမှာ ဒီမိုကရက် သမ္မတလောင်းနှစ်ဦးတို့ အကြိတ်အနယ်ယှဉ်ပြိုင်


အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်
တစ်ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရရှိရေး
အဓိကကျတဲ့ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ
ဒီနေ့ စတင်မဲပေးနေကြပြီဖြစ်ရာ အထက်
လွှတ်တော်အမတ် ဟီလာရီကလင်တန် (Hillary
Clinton) နိုင်လိမ့်မယ်လို့ ဆန်းစစ်သူများက ခန့်မှန်းနေကြပါတယ်။

ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် အများဆုံး
ကျန်နေသေးတဲ့ အဲဒီပြည်နယ်မှာ ဟီလာရီ
ကလင်တန်ကို လူကြိုက်များပါတယ်။ ပြိုင်ဘက် အထက်လွှတ်တော်အမတ် ဘားရက်ခ်
အိုဘားမား (Barack Obama) ကို အပြတ်နိုင်ဖို့
အတွက် လိုအပ်ပေမယ့် သူတို့နှစ်ဦးရဲ့ မဲကွာခြား
မှု လျော့နည်းလာပါတယ်။

အမှတ် ၂၀ သာနေရာကနေ အခု ၁၀ အောက်ကို ကျသွားတယ်လို့လည်း ဆိုပါတယ်။
အိုဘားမားက ရှေ့ကနေပြေးနေနိုင်ရေးအတွက် ကြိုးပမ်းနေသလိုပဲ ဟီလာရီ
ကလင်တန်ကလည်း ဆက်လက်မဲဆွယ်သွားနိုင်ရေးအတွက် ဒီပြည်နယ်မှာ ကြိုးပမ်း နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG