သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ ဆေးဖက်ဝန်ထမ်းများ မြန်မာနိုင်ငံကို ဝင်ခွင့်ရ


နာဂစ်မုန်တိုင်းဒဏ်ခံခဲရတဲ့ အသက်မသေကျန်ရစ်သူတွေကို ဆေးကုသပေးဖို့ အာရှတိုက်က ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူတွေကို မြန်မာနိုင်ငံထဲ ဝင် ရောက်ဖို့ မြန်မာစစ်အစိုးရက ခွင့်ပြုခဲ့ပါတယ်။ ဆေးဝါးကိရိယာတွေ၊ ရိက္ခာတွေနဲ့ တပါတည်း ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ အခြား ဆေးဖက်ကျွမ်းကျင်သူ ၃၀ ဟာ ထိုင်းနိုင်ငံကနေ မြန်မာပြည်ကို မနေ့က လေယာဉ်နဲ့ ရောက်ရှိသွားခဲ့ကြပါတယ်။

သူတို့က ၂ ပတ်အကြာ ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီနောက် အိန္ဒိယစစ်တပ်ဆရာဝန်နဲ့ ဆေးဖက်လုပ်သား ၄၇ ဦးဟာလည်း မြန်မာနိုင်ငံထဲဝင်ခွင့် ရခဲ့ပါတယ်။ သူတို့အားလုံး မုန်တိုင်း အပြင်းထန်ဆုံး တိုက်ခတ်သွားခဲ့တဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို သွားရောက်ခွင့် ရဖို့ ဆိုတာကတော့ မသဲကွဲသေးပါဘူး။

မြန်မာစစ်အစိုးရက တချို့ နိုင်ငံတကာ အကူအညီနဲ့ ကယ်ဆယ်ရေး ရိက္ခာတွေကို လက်ခံခဲ့ပါတယ်။ ဒါပေမယ့် သူတို့က အကူအညီ အများအပြားကို လက်မခံခဲ့ဘဲ ကယ်ဆယ်ရေး ကျိုးပမ်းချက်တွေ အတွက် နိုင်ငံခြား လုပ်သားတွေကို အကန့်အသတ်နဲ့သာ လက်ခံခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG