သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းကယ်ဆယ်ရေး အာဆီယံဦးဆောင်မှုနဲ့ မလုံလောက်လို့ စီအာရ်ပီပီပြော


မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာအကူအညီ
တွေကို အာဆီယံကနေလက်ခံမယ်လို့ ပြောကြား လိုက်တာနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (စီအာရ်ပီပီ) က တုံ့ပြန် ပြောဆိုလိုက်ပါတယ်။ အကြောင်းစုံကို ထိုင်း
အခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ဆက်သွယ်မေးမြန်း တင်ပြ
ထားပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ အာဆီယံနိုင်ငံတွေက
တဆင့် နိုင်ငံတကာရဲ့ အကူအညီကို လက်ခံမယ်
လို့ အာဆီယံရဲ့ အရေးပေါ်အစည်းအဝေးကနေ ပြောကြားခဲ့တဲ့အပေါ် စီအာရ်ပီပီခေါ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီကတော့ မြန်မာနိုင်ငံရဲ့ သဘာဝဘေးအန္တ
ရာယ်ဟာ အာဆီယံနိုင်ငံတွေ ကူညီရုံနဲ့ မလုံလောက်ဘူးလို့ ဆိုလိုက်ပါတယ်။

“အာဆီယံနိုင်ငံတွေအနေနဲ့ ကူညီတာကို ဝမ်းသာကြိုဆိုပါတယ်။ ဒါပေမယ့် အခု မြန်မာ
နိုင်ငံမှာ ဖြစ်နေတဲ့ကပ်ဘေးဟာ အာဆီယံနိုင်ငံတွေရဲ့ အကူအညီလောက်နဲ့ မလုံ
လောက်ဘူး။ အဓိကနိုင်ငံကြီးတွေရဲ့၊ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေရဲ့ အကူအညီ၊
နည်းပညာ၊ ကျွမ်းကျင်မှု၊ လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ ကူညီဖို့ လိုအပ်နေတယ်
ဆိုတာ ပြောချင်ပါတယ်။”

အာဆီယံရဲ့ မြန်မာ့မုန်တိုင်းရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်ချက်တွေဟာ နှောင့်နှေးမှု
တွေ ရှိနေတာကြောင့် ပြည်သူတွေကို အမြန်ဆုံးအကူအညီပေးဖို့သာ တိုက်တွန်းသင့်
တယ်လို့လည်း ပြောကြားသွားပါတယ်။

“အာဆီယံနိုင်ငံတွေ ကာဆီးကာဆီး လုပ်နေမယ့်အစား အာဆီယံနိုင်ငံတွေကပါ
လက်ရှိ မြန်မာနိုင်ငံအစိုးရကို အထူးသဖြင့် အနောက်နိုင်ငံတွေနဲ့ အမေရိကန်အပါ
အဝင် ဥရောပနိုင်ငံတွေက နည်းပညာ၊ လူအား၊ ငွေအား၊ ပစ္စည်းအားတွေနဲ့ အကူ
အညီတွေဝင်နိုင်အောင် ဒီအစိုးရကို ဖျောင်းဖျ တိုက်တွန်းပေးဖို့လိုတယ်လို့ ကျနော့်
အနေနဲ့ မြင်ပါတယ်။”

မုန်တိုင်းဒဏ်ခံရတဲ့ ပြည်သူတွေကို ကယ်ဆယ်ဖို့အတွက် နည်းပညာကျွမ်းကျင်သူတွေ၊ ခေတ်မီရဟတ်ယာဉ်တွေ လိုအပ်နေတဲ့အကြောင်းကိုလည်း အခုလို ဆက်ပြောသွား
ပါတယ်။

“ပင်လယ်အဖျားမှာ၊ ရေတွေလွှမ်းနေတဲ့နေရာမှာ၊ ကားမရောက်နိုင်တဲ့နေရာမှာ
အတော့်ကို ဒုက္ခရောက်နေတဲ့လူတွေဟာ အမြောက်အမြား ရှိနေတယ်ဆိုတာ အန်ကယ်လ်တို့သိပါတယ်။ အဲဒီလူတွေကို အကူအညီတွေရောက်အောင် မြန်မာနိုင်ငံ
မှာရှိတဲ့ ရဟတ်ယာဉ်လောက်နဲ့ အခုလို လက်လှမ်းမမီတဲ့နေရာတွေ၊ မရောက်နိုင်တဲ့
နေရာတွေ အများကြီးရှိတယ်ဆိုတာလည်း အန်ကယ်လ်တို့သိပါတယ်။ အဲဒီလူတွေရဲ့
ဒုက္ခဟာ တွေးတောင်မတွေးရဲတဲ့ အနေအထားမှာ ရှိပါတယ်။ ဒါကြောင့် ဒီနိုင်ငံတွေက အကူအညီပေးလာမယ့် ဟယ်လီကော်ပတာတွေ၊ ရေယာဉ်တွေ၊ လူအားတွေနဲ့ဆိုရင်
အခုအချိန်အထိ မရောက်နိုင်တဲ့နေရာတွေမှာရှိနေတဲ့ လူတွေရဲ့အသက်ကို အမြန်ဆုံး ကယ်ဆယ်နိုင်မယ်လို့ အန်ကယ့်လ်အနေနဲ့ မျှော်လင့်နေပါတယ်။”

မြန်မာ့မုန်တိုင်းအရေးဟာ ပစ္စည်းတွေကို လက်ခံနေရုံနဲ့ မလုံလောက်ဘဲ နည်းပညာ
ကျွမ်းကျင်သူတွေ အများအပြား လိုအပ်နေတဲ့အကြောင်းကိုလည်း ပြောသွားပါတယ်။

“ပစ္စည်းပေး၊ ပစ္စည်းထားခဲ့ဆိုတာမျိုးထက် ကျွမ်းကျင်တဲ့ပညာရှင်တွေ၊ ဆေးဘက်
ဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ၊ ဥပမာ အန်ကယ်လ်တို့ ဖြစ်စေချင်တာက အဲဒီနေရာ ဒေသတွေမှာရှိတဲ့ ရေတွေကို သုံးရေ၊ သောက်ရေဖြစ်အောင် လုပ်ပေးမယ့် စက်ကိရိ
ယာတွေ၊ နည်းပညာတွေနဲ့သာ လာပြီးလုပ်မယ်ဆိုရင် အဲဒီဒေသကလူတွေအတွက် အကျိုးများလိမ့်မယ်လို့လည်း အန်ကယ်လ်တို့ ယူဆပါတယ်။ ပစ္စည်းကိုသာလက်ခံရုံ
မဟုတ်ဘဲနဲ့ ဒီနေ့အချိန်မှာ နိုင်ငံရေး၊ စစ်ရေး၊ အမျိုးမျိုးကိစ္စတွေကို ဘေးဖယ်ထားပြီး
အမျိုးသားရေး၊ ကိုယ့်နိုင်ငံချစ်စိတ်၊ ပြည်သူကိုချစ်တဲ့စိတ်နဲ့ နိုင်ငံတကာရဲ့ အကူအညီ
တွေကို ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ကူညီမယ့်ပုဂ္ဂိုလ်တွေကို ဝင်လာပြီးတော့ ကူညီစေချင်
တယ်၊ အန်ကယ်လ်တို့အနေနဲ့။”

အခုဆိုရင် ပြင်သစ်၊ အမေရိကန်၊ ဗြိတိန် စစ်သင်္ဘောတွေဟာ မြန်မာ့ရေပိုင်နက်ထဲမှာ ရောက်ရှိနေပြီး မုန်တိုင်းဒဏ်ခံရတဲ့ ပြည်သူတွေကို အကူအညီပေးဖို့ တောင်းဆိုနေကြ
ပါတယ်။ ဒီအပေါ်မှာလည်း အခုလိုပြောသွားပါတယ်။

“အကူအညီပေးမယ့်ဟာတွေကို နှောင့်နှေးအောင်လုပ်နေတဲ့ ပုဂ္ဂိုလ်မှန်သမျှ သေဆုံး
သွားတဲ့ လူတွေအပေါ်မှာရော၊ အခု တသန်းခွဲကျော်၊ နှစ်သန်းနီးပါးလောက် ရောက်နေ
တဲ့ ဒုက္ခသည်တွေအပေါ်မှာရော စာနာစိတ်လည်း မရှိဘူး၊ ကူညီလိုစိတ်လည်း မရှိဘူး။
ဒီလူတွေရဲ့ ရှေရှည်ထူထောင်ရေးအတွက်လည်း မစဉ်းစားတဲ့သဘောနဲ့ အခုလိုပြောနေ
ကြတာပဲလို့ အန်ကယ်လ်ကတော့ ပြောလိုတယ်။”

နိုင်ငံတကာအကူအညီတွေ အမြန်ရရှိဖို့အတွက် တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး
စီအာရ်ပီပီ အတွင်းရေးမှူး ဦးအေးသာအောင် ပြောကြားသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG