သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းဘေးသင့်သူများအတွက် ၃ ရက်တာ ပူဆွေးမှု စတင်ဖို့ မြန်မာစစ်အစိုးရ ကြေညာ


သီတင်းနှစ်ပတ်ကျော် မေလ ၂ ရက်နေနဲ့ ၃ ရက်နေ့တွေမှာ မြန်မာနိုင်ငံကို ကျရောက်
ခဲ့တဲ့ နာဂစ်ဆိုင်ကလုံးမုန်တိုင်းဒဏ်ကြောင့် သေဆုံး၊ ပျောက်ဆုံးခဲ့ရတဲ့ မြန်မာနိုင်ငံ
သား ၁၀၀,၀၀၀ ကျော်အတွက် ဒီနေ့ အင်္ဂါနေ့ကစပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်
၃ ရက်သတ်မှတ်ပြီး ဒီရက်တွေအတွင်း နိုင်ငံတွင်းက အလံတိုင်တွေမှာ အလံတိုင်ဝက်
လွှင့်ထူမယ်လို့ မနေ့က မြန်မာစစ်အစိုးရက ကြေညာလိုက်ပါတယ်။

မုန်တိုင်းဒဏ်သင့်ဒေသတွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက စေတနာ့ဝန်ထမ်း ဆေး
ကုသရေး အဖွဲ့တွေနဲ့ အကူအညီ အထောက်အပံ့တွေကိုလည်း လက်ခံမယ်လို့ မနေ့က စင်ကာပူမှာပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးမှာ မြန်မာစစ်အစိုးရက သဘောတူညီခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက ကျန်းမာရေးဆေးဝန်ထမ်း ၃၀၀ နီးပါးကိုလက်ခံဖို့ မြန်မာစစ်အစိုးရက သဘောတူညီခဲ့တယ်၊ ဒါပေမယ့် ဒါဟာ ကြိုက်တဲ့နေရာကို ကြိုက်သလိုသွားခွင့်ပြုတဲ့ သဘောမျိုးတော့ မဟုတ်ဘူးလို့ စင်ကာပူနိုင်ငံခြားရေး
ဝန်ကြီး ဂျော့ချ်ယိုး (George Yeo) က ဆိုပါတယ်။

နိုင်ငံတကာ ကူညီကယ်ဆယ်ထောက်ပံ့ရေး အဖွဲ့အစည်းတွေက မြန်မာနိုင်ငံအတွက် ကူညီထောက်ပံ့မှုတွေ အလုံးအရင်းနဲ့ လိုအပ်နေတယ်လို့ သတိပေး ထောက်ပြနေပေ
မယ့် မြန်မာစစ်အစိုးရက နိုင်ငံတကာ အကူအညီတွေ ပိုမိုလက်ခံဖို့နဲ့ ကယ်ဆယ်ရေး
ကျွမ်းကျင်သူ အဖွဲ့အစည်းတွေကို တောက်လျှောက် ငြင်းဆိုနေခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG