သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့်လူထုအတွက် ဆုတောင်းမေတ္တာပို့၊ ရန်ပုံငွေပန်းချီပြပွဲ လုပ်ရန်ရှိ


မြန်မာနိုင်ငံ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့က
မြို့နယ်တွေမှာ နာဂစ်ဆိုင်ကလုံးမုန်တိုင်း မွှေ့ရမ်း တိုက်ခတ်ခဲ့တာ တလပြည့်လုနီးပါးရှိသွားပြီ ဖြစ်
ပါတယ်။ ဒါပေမယ့် မုန်တိုင်းဒဏ်သင့် ကွယ်လွန် သွားခဲ့ကြရသူတွေ၊ အသက်မသေ လွတ်မြောက်
လာကြပေမယ့် ဒီကနေ့အချိန်ထိ ဘေးဒုက္ခ
ရောက်နေဆဲ ရှိကြသူတွေကိုတော့ဖြင့် မမေ့နိုင်
ကြသေးပါဘူး။ ဒီကနေ့ညနေကပဲ ပန်းချီအနု ပညာရှင်တွေဦးစီးပြီး ဖရောင်းတိုင်ထွန်း ဆုတောင်းမေတ္တာပို့ပွဲတခု ပြုလုပ်ခဲ့ကြသလို လေဘေးဒုက္ခသည်တွေအတွက် ရန်ပုံငွေ ပန်းချီပြပွဲတခုကိုလည်း ဇွန်လအတွင်းမှာကျင်းပ
ဖို့ စီစဉ်ထားပါသေးတယ်။ ဒီအကြောင်းတွေကို ဘန်ကောက်ရောက် ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်းက စုစည်းတင်ပြ
ထားပါတယ်။

လေဘေးသင့် ကွယ်လွန်သွားခဲ့ကြသူတွေအတွက် ဖယောင်းတိုင်ထွန်း မေတ္တာပို့
ဆုတောင်းပွဲကို အမှတ် ၅၄၊ ဗိုလ်ရာညွန့်လမ်း၊ ဒဂုံမြို့နယ်က New Zero ပန်းချီပြခန်း
မှာ ပန်းချီဆရာတွေဦးစီးပြီး ကျင်းပခဲ့ကြတာပါ။ ဒီဆုတောင်းပွဲကို အဓိကစီစဉ်သူတဦး
ဖြစ်တဲ့ ပန်းချီဆရာ ကိုအေးကို ကို ဆုတောင်းပွဲစခါနီးလေးမှာ ဗွီအိုအေက ဆက်သွယ်
မေးမြန်းတဲ့အခါ အခုလိုပြောပြခဲ့ပါတယ်။

“ဖယောင်းတိုင် အတိုင် ၁၀၀,၀၀၀ ထွန်းဖို့ စီစဉ်ထားတာပေ့ါ။ ဒါပေမယ့် နေရာအခက်
အခဲကြောင့် အခု ဖယောင်းတိုင် ၁၀,၀၀၀ လောက် ထွန်းမယ်ပေါ့။ ထွန်းပြီးလို့ရှိရင်
ဆရာတော်ဦးဝိစာရက မေတ္တာသုတ်ရွတ်ပြီးတော့ သေဆုံးသွားတဲ့လူတွေအတွက်
အမျှပေးဝေတဲ့ အခမ်းအနား လုပ်မှာပေါ့။ ကျန်တဲ့လူတွေကလည်း အားလုံး ဝမ်းနည်း
တဲ့ အထိမ်းအမှတ်အနေနဲ့ ဖယောင်းတိုင်ထွန်းပြီးတော့ ဆုတောင်းပေးကြမှာပေါ့။”

ဒီဆုတောင်းမေတ္တာပို့ပွဲကို တခြားအနုပညာရှင်တွေ၊ အနုပညာသင်တန်းသားတွေ၊
စာရေးဆရာ၊ ကဗျာဆရာတွေနဲ့ စိတ်ဝင်စားသူတွေ တက်ရောက်ခဲ့ကြတယ်လို့
ကိုအေးကိုက ပြောပြခဲ့ပါတယ်။

လေဘေးဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာဖွေတဲ့ ပန်းချီပြပွဲ ရောင်းပွဲတခုကိုလည်း
ဗြူးတီးမဂ္ဂဇင်း၊ သရဖူမဂ္ဂဇင်းနဲ့ စာပေလောက ၁ စာအုပ်တိုက်တို့ ပူးတွဲပြီး ဇွန်လ
၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ ရန်ကုန်မြို့၊ အလံပြဘုရားလမ်း၊ သမ္မတပန်းချီပြခန်းမှာ
ကျင်းပဖို့ စီစဉ်နေကြပါတယ်။ ဒီပန်းချီပြပွဲဟာ ရန်ပုံငွေပန်းချီပြပွဲဖြစ်ပြီး ဖိတ်ခေါ်ထား
တဲ့ ပန်းချီဆရာတွေအနေနဲ့ ပန်းချီကားရောင်းရငွေအားလုံးကို မိမိတို့ဆန္ဒအရ လှူဒါန်း
လို့ရသလို ရောင်းရငွေထဲက ရာခိုင်နှုန်းတစိတ်တပိုင်းကို လှူဒါန်းမယ်ဆိုရင်လည်း လက်ခံမယ့်အကြောင်း ပြပွဲစီစဉ်သူတဦးဖြစ်တဲ့ ဗြူးတီးမဂ္ဂဇင်းရဲ့ မဂ္ဂဇင်းအပြင်အဆင်
ဒီဇိုင်းပိုင်း တာဝန်ယူဖန်တည်းသူ Creative Editor ကိုထွန်းဝင်းငြိမ်းက ဗွီအိုအေကို
ပြောပြခဲ့ပါတယ်။ လက်ရှိမှာ ပန်းချီဆရာ ၃၀ ကျော် ပါဝင်ဖို့ရှိပြီး တယောက်ကို ၅ ပေ
၃ ပေအရွယ် ပန်းချီကားနှစ်ကား၊ သေးတယ်ဆိုရင်လည်း သုံးကား လေးကား ပြသဖို့ စီစဉ်ထားပါတယ်။

သူတို့တွေ စုပေါင်းလှူဒါန်းကြပုံနဲ့ ပတ်သက်ပြီးတော့လည်း ကိုထွန်းဝင်းငြိမ်းက ဗွီအိုအေ
ကို အခုလိုပြောပြခဲ့ပါတယ်။

“အရင်ခရီးစဉ်တွေမှာ လှူတဲ့အခါ ကျနော်တို့အဖွဲ့ထဲကလူတွေ ထည့်ဝင်ကြတာလည်း
ရှိတယ်၊ တခြားကမိတ်ဆွေတွေ ကျနော်တို့ကို အဝတ်အစားဖြစ်စေ၊ ဆေးဝါးဖြစ်စေ၊
ငွေသားဖြစ်စေ ပေးတဲ့အခါ ကျနော်တို့ ယူသွားပါတယ်။ အဲဒါကို ဒေသခံတွေနဲ့ ကြိုတင်
ပြီး အဲဒီဒေသရဲ့ အချက်အလက်ကို သတင်းစုဆောင်းပါတယ်။ အဲဒီအချက်အလက်ပေါ်
မှာ မူတည်ပြီးမှ ကျနော်တို့က ခရီးစဉ်ဆွဲပြီးတော့ သွားဖြစ်ကြတာပါ။ သွားတဲ့အခါ
လည်း ဟိုရောက်ရင် သက်ဆိုင်ရာရွာရဲ့ မိသားစုစာရင်း၊ လူဦးရေစာရင်းကိုတော့
ကြိုရထားတာ ရှိပါတယ်။ ရောက်တဲ့အခါ ကျနော်တို့က စာရင်းတခါတည်းကောက်ပြီး အိမ်ထောင်စုဦးရေနဲ့ ပါလာတဲ့ပစ္စည်းနဲ့ ချက်ချင်း ကျနော်တို့ကိုယ်တိုင် လှူတာပါ။”

မုန်တိုင်းဒဏ်သင့်လူထုအရေအတွက် ၂ သန်းခွဲလောက်မှာ သူတို့ကူညီနိုင်တယ်ဆိုတာ နည်းနည်းလေးပဲဖြစ်ပြီး နောက်ထပ်အများကြီး အကူအညီတွေ လိုအပ်နေပါသေးတယ်
လို့လည်း ကိုထွန်းဝင်းငြိမ်းက ပြောပါတယ်။

“ကျနော်တို့လုပ်နိုင်တယ်ဆိုတာ တကယ့် သေးသေးလေးပါ။ ကျနော်တို့တွေ့ရတဲ့အခါ
ဒုက္ခသည်တွေ ဒေသအသီးသီးမှာ အများကြီးမြင်တွေ့ခဲ့ရတယ်။ ကျနော်တို့ သွားမယ် ဆိုတဲ့နေရာလေးကို ဒေသခံတွေ၊ သူတို့ဆီက သိရတဲ့အချက်အလက်အရ ကျနော်တို့
သွားကြရတာ။ ဒုက္ခသည်အများကြီးကိုကျော်ပြီး ကျနော်တို့ပေးချင်တယ်ဆိုတဲ့ နေရာ လေးကိုရောက်ပြီး သွားပေးရတာသည်ပင်လျှင် စိတ်ထဲမှာ တော်တော်မကောင်းပါ
ဘူး။ တကယ်တော့ ပေးရမယ့်နေရာက အများကြီးလေ။ အဲဒီပမာဏက အရမ်းကြီးပါ
တယ်။ ဒါမျိုးတွေဆိုတာက တကယ့် နိုင်ငံတကာ အဖွဲ့အစည်းအကြီးကြီးတွေနဲ့ နိုင်ငံ
တော်က တကယ် ဖြည့်ဆည်းလုပ်ကိုင်ရမယ့်နေရာမှာ ကျနော်တို့က နိုင်တဲ့ဝန်လေး
ဝင်ထမ်းခြင်းအားဖြင့် ပီတိဖြစ်ရတာလေးလောက်ပါ။ တကယ်တော့ ဒီ့ထက်မက အများ
ကြီး လိုအပ်နေတဲ့ အခြေအနေတွေ အခုအချိန်အထိ တွေ့နေရဆဲပါပဲ။”

အခုလုပ်မယ့် ပန်းချီပြပွဲကနေ ရရှိလာတဲ့ ရန်ပုံငွေတွေကို မကြာသေးခင်က ဖွဲ့စည်းခဲ့
တဲ့ လေဘေးသင့်ပြည်သူများအတွက် စာပေအနုပညာရှင်များ၊ စာအုပ်လုပ်ငန်းရှင်များ
နှင့် မိတ်ဆွေများ၏ ကူညီလှူဒါန်းရေးအဖွဲ့ဆီ လွှဲပြောင်းပေးမှာဖြစ်ပြီး အဲဒီအဖွဲ့ကနေ
တဆင့် လေဘေးသင့်ပြည်သူတွေဆီ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းမှာ ဖြစ်ပါ
တယ်လို့ ကိုထွန်းဝင်းငြိမ်းက ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG