သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတလောင်းနှစ်ဦး လက်တင်နွယ်အမေရိကန်များ ထောက်ခံမှုရရန် စည်းရုံး


သမ္မတလောင်းတွေ ဖြစ်ကြတဲ့ ဘားရက် အိုဘားမားနဲ့ ဂျွန်မက်ကိန်း တို့ဟာ လက်တင်နွယ်ဖွား အမေရိကန် နိုင်ငံသားတွေရဲ့ ထောက်ခံမဲ ရယူနိုင်ဖို့ ကြိုးပမ်းနေကြသလို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ဦးစားပေး လုပ်သွားဖို့ ဆုံးဖြတ်ထားတဲ့အကြောင်း မဲဆွယ် စည်းရုံးမှုတွေအတွင်း ပြောဆိုခဲ့ကြပါတယ်။

စနေနေ့က မြို့တော် ဝါရှင်တန်ဒီစီမှာ လက်တင်နွယ်ဖွား အမေရိကန် အရာရှိတွေရဲ့ အဖွဲ့အစည်း နှစ်ပတ်လည် ညီလာခံမှာ သီးခြား မိန့်ခွန်းတွေအတွင်း သမ္မတလောင်းတွေက အဲဒီလို ပြောဆိုခဲ့ကြတာပါ။

ဒီမိုကရက်တစ် လွှတ်တော်အမတ် ဘားရက် အိုဗားမားက "ပြောင်းလဲမှုကို ကျနော်တို့ အတူတကွ လုပ်နိုင်ပါတယ်" လို့ သူ့ရဲ့ ကြွေးကြော်သံကို စပိန်ဘာသာစကားနဲ့ လူအုပ်ကြီးကို နုတ်ဆက်လိုက်ပါတယ်။

အမေရိကန်နိုင်ငံတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသူတွေကို အမေရိကန် နိုင်ငံသားတွေအဖြစ် အသိအမှတ်ပြုနိုင်ရေး သူ ကြိုးပမ်းမယ်လို့ ဆိုပြီး မစ္စတာ မက်ကိန်းဟာ နယ်စပ်ဒေသ လုံခြုံရေးနဲ့ပတ်သက်တဲ့ ပေါ်လစီအပြောင်းအလဲကိစ္စကိုပဲ အာရုံထားနေတယ်လို့လည်း သူက ဝေဖန်လိုက်ပါတယ်။

မက်ကိန်းကတော့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကိစ္စကို မကိုင်တွယ်ခင် နယ်စပ်လုံခြုံရေးကို အဓိကထား ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အရင်တုန်းက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင် ပြောင်းလဲရေး အဆိုကို ဦးဆောင် တင်သွင်းသူဖြစ်တဲ့ အရီဇိုးနားပြည်နယ် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ယာယီ အလုပ်သမား အစီအစဉ် အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ကတိပေး ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG