သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမား အခွင့်အရေး ပြောဆိုသူများအမှု တရားရုံးချုပ် ပယ်ချ


ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် မေလ ၁ ရက် အလုပ်သမားနေ့တုန်းက ရန်ကုန်မြို့က အမေရိကန်
စင်တာမှာ အလုပ်သမား အခွင့်အရေးတွေနဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြမှုတွေ လုပ်ခဲ့
လို့ အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ကြရတဲ့ ကိုသူရိန်အောင် အပါအဝင် ၆ ဦးရဲ့
အမှုအတွက် အယူခံလွှာ တင်ထားတာကို တရားရုံးချုပ်က ပြီးခဲ့တဲ့ သောကြာနေ့ကပဲ
ထပ်ပြီး ပယ်ချလိုက်ပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ AHRC လို့ခေါ်တဲ့ အာရှလူ့အခွင့်
အရေးကော်မရှင်က ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်နဲ့ ကုလသမဂ္ဂကို တိုင်ကြားဖို့
ရှိနေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး AHRC အဖွဲ့က ရှေ့နေ ဦးမင်းလွင်ဦးကို
မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းကြည့်တော့ အမှုနဲ့ပတ်သက်ပြီး ဦးမင်းလွင်ဦးက
အခုလို စရှင်းပြပါတယ်။

“ကိုသူရိန်အောင်ပါ ၆ ဦးအမှုမှာ စွဲဆိုထားတဲ့အမှုတွေက ပုဒ်မ ၁၂၄(က) ရှိတယ်၊
လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေရှိတယ်၊ မတရားအသင်းနဲ့ ဆက်သွယ်တဲ့ကိစ္စတွေ
ရှိတယ်၊ ပြီးတော့ အသင်းအဖွဲ့ ထူထောင်ရေးကိစ္စတွေရှိတယ်။ အဲဒါတွေအားလုံးနဲ့
ပတ်သက်ပြီး သီးခြားစီ ပြစ်ဒဏ်ကျခံစေဆိုပြီး အမိန့်ချမှတ်ထားတဲ့အတွက် တယောက်
ကို အနည်းဆုံး ၂၈ နှစ်လောက် ပြစ်ဒဏ်ကျခံရမယ်လို့ သိရပါတယ်။

“အဲဒါတွေနဲ့ပတ်သက်ပြီး ဥပဒေနဲ့ မညီညွတ်ဘူးဆိုပြီး သက်ဆိုင်တဲ့ အကျိုးဆောင်တွေ
က တရားရုံးချုပ်ကို အယူခံလွှာတင်သွင်းတာကို လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက
တင်သွင်းခဲ့တာဖြစ်တယ်။ ဒါပေမယ့် အဲဒီအမှုကိုတော့ ဆိုင်းထားပြီး ပြီးခဲ့တဲ့ သောကြာ
နေ့ကမှ ဒီအမှုကို တရားရုံးချုပ်က အမိန့်ချမှတ်လိုက်တယ်လို့ ကျနော်တို့ သိရှိရပါ
တယ်။”

အခုလို နောက်ဆုံးအဆင့် တရားရုံးချုပ်က ပယ်ချလိုက်တဲ့အတွက် ကိုသူရိန်အောင်တို့
အနေနဲ့ ဘယ်လောက်ထိ ပြစ်ဒဏ်ကျခံရနိုင်ဖို့ ရှိသလဲရှင့်။

“သူတို့ကို စွဲဆိုထားတဲ့ပုဒ်မတွေအရဆိုရင် အားလုံး ၂၈ နှစ်လောက် ကျခံရဖို့ရှိပါ
တယ်။”

ဆိုတော့ ဒီအမှုနဲ့ပတ်သက်ပြီး ဦးမင်းလွင်ဦးတို့ရဲ့ AHRC အဖွဲ့က ဘာတွေ ဆက်လုပ်ဖို့
ရှိပါသလဲ။

“ကျနော်တို့ အာရှလူ့အခွင့်အရေးကော်မရှင်အနေနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေး
ကိစ္စ၊ အလုပ်သမားဥပဒေကို ရှင်းပြတဲ့ကိစ္စနဲ့ပတ်သက်ပြီး အမှုမမြောက်တဲ့အကြောင်း၊
ဒီလိုမျိုး ရှင်းပြခြင်းဟာလည်း ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေ
အရ ပြဋ္ဌာန်းချက်တွေကို ရှင်းပြခြင်းသာဖြစ်တဲ့အတွက် ဒီလူတွေမှာ အပြစ်မရှိတဲ့
အကြောင်း၊ ဒီလိုမျိုး စွဲဆိုထားတဲ့ကိစ္စရပ်တွေက မမှန်ကန်တဲ့အကြောင်း၊ ဒီလိုမျိုး
အလုပ်သမား အခွင့်အရေးတွေနဲ့ပတ်သက်လို့ ရှင်းပြတဲ့ကိစ္စက နိုင်ငံတော်ပုန်ကန်မှု
လည်း မဟုတ်ဘူး၊ နိုင်ငံတော်ရဲ့သိက္ခာကို ညှိုးနွမ်းအောင် လုပ်ဆောင်တာလည်း
မဟုတ်ဘူး၊ နိုင်ငံတော်အတွင်းမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို ပြည်သူလူထု
နားလည်အောင် ရှင်းပြတာပဲဖြစ်တယ်ဆိုတာကို ကျနော်တို့ ဆက်လက်ပြီး တင်ပြ
သွားမယ်။

“ပြစ်ဒဏ်ချမှတ်တဲ့ဟာက ဥပဒေနဲ့မညီဘူး၊ ဥပဒေကို မျက်ကွယ်ပြုပြီး ဆုံးဖြတ်ရာ
ရောက်တယ်ဆိုပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကို ဆက်တင်ပြဖို့ ရည်ရွယ်
ထားပါတယ်။ ကုလသမဂ္ဂရဲ့ လက်အောက်ခံအဖွဲ့အစည်းဖြစ်တဲ့ တရားစီရင်ရေးဆိုင်ရာ
အဖွဲ့အစည်း အသီးသီးကိုလည်း ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ဖို့
အတွက် တင်ပြပေးဖို့ အစီအစဉ်ရှိပါတယ်။”
AHRC အဖွဲ့က ရှေ့နေ ဦးမင်းလွင်ဦး ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG