သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေ အကျပ်အတည်း ဖြေရှင်းဖို့ မူဂါဘီနှင့် တောင်အာဖရိက သမ္မတ တွေ့ဆုံ


ဇင်ဘာဘွေနိုင်ငံက နိုင်ငံအရေး အကျပ်အတည်းတွေကို ကူညီဖြေရှင်းဖို့ တောင်အာဖရိကနိုင်ငံ သမ္မတ သန်ဘို အမ်ဘီကီ (Thabo Mbeki) ဟာ ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီ (Robert Mugabe) နဲ့ တွေ့ဆုံခဲ့ပါတယ်။

စနေနေ့တုန်းကလည်း အတိုက်အခံ ဒီမိုကရေစီပြောင်းလဲရေး လှုပ်ရှားမှုအဖွဲ့က နိုင်ငံရေးခေါင်းဆောင်တွေနဲ့ မစ္စတာ အမ်ဘီကီ တွေ့ဆုံခဲ့ပါသေးတယ်။ ဒါပေမယ့် အတိုက်အခံ ပါတီခေါင်းဆောင် မော်ဂန်ရှန်ဂရိုင်း ကတော့ အဲဒီ တွေ့ဆုံ ဆွေးနွေးပွဲကို တက်ရောက်ဖို့ ငြင်းဆိုခဲ့ပါတယ်။

နှစ်ဖက်ပါတီအကြား စေ့စပ်ညှိနှိုင်းမှုမှာ အာဖရိက သမဂ္ဂ AU ပါဝင်လာတာကို အတိုက်အခံ ပါတီက စောင့်နေတာ ဖြစ်တယ်လို့ အတိုက်အခံပါတီ ပြောခွင့်ရသူက ပြောပါတယ်။ မစ္စတာ အမ်ဘီကီရဲ့ စေ့စပ်ညှိနှိုင်းမှုက သမ္မတ မူဂါဘီကို ဘက်လိုက်တာမျိုးတွေ ရှိတယ်လို့ အတိုက်အခံအဖွဲ့က ဝေဖန်ပါတယ်။

မစ္စတာ မာဘီကီကတော့ စေ့စပ်ညှိနှိုင်းမှု အမြန်ဆုံး ရှေ့ဆက်နိုင်ဖို့ လိုလားတယ်လို့ စနေနေ့က ဆွေးနွေးမှုအပြီးမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဒီအစည်းအဝေးကို မစ္စတာ ရှန်ဂရိုင်း မတက်ရောက်တာနဲ့ပတ်သက်လို့ ဒါဟာ လေးစားမှုမဲ့ရာ ရောက်တယ်လို့ ဖြစ်တယ်လို့ ဇင်ဘာဘွေ အစိုးရအရာတွေက ဝေဖန်ကြပါတယ်။

မစ္စတာ ရှန်ဂရိုင်းဟာ သူ့ကို ထောက်ခံသူတွေအပေါ် အစိုးရဖက်က စနစ်တကျ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်နေတာကြောင့် ဇွန်လထဲမှာလုပ်တဲ့ တကြော့ပြန် သမ္မတ ရွေးကောက်ပွဲကနေ နုတ်ထွက်ခဲ့တာပဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG