သုံးရလွယ်ကူစေသည့် Link များ

တူရကီတွင် ဗုံးကွဲ အနည်းဆုံး ၁၅ဦး သေဆုံး


တူရကီနိုင်ငံက အစ္စတန် ဘူလ်မြို့ မှာ မနေ့က ညနေပိုင်း ဗုံးနှစ်လုံး ပေါက်ကွဲခဲ့လို့ လူ အနည်းဆုံး ၁၅ယောက် သေဆုံးပြီး ၁၅၀ကျော် ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ ဗုံးနှစ်လုံးဟာ မိနစ် အတော် ခြားပြီးမှ ပေါက်ကွဲခဲ့တာ ဖြစ်ပြီး အစ္စတန် ဘူလ်မြို့ရဲ့ အရောင်အ၀ယ် စည်ကားလှတဲ့ မြို့ အနောက်ပိုင်းမှာဖြစ်ပွါးခဲ့တာပါ။

ပထမ ဗုံး ကွဲခဲ့တဲ့နေရာကို လူတွေ စုရုန်း ရောက်လာတဲ့ အချိန်မှာ နောက်တလုံး ထပ်ပေါက်ကွဲခဲ့လို့ အဲဒီ ဒုတိယဗုံးရဲ့  ဒဏ်ကြောင့်လူတွေတော်တော် ထိခိုက်ခဲ့ တယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။ အခုချိန်ထိတော့ ဘယ်သူတွေရဲ့  လက်ချက်လဲဆိုတာ ပြောဆိုမှုတွေ မရှိသေးပါဘူး။

တူရကီ သမ္မတကတော့ အခု ဗုံးခွဲမှုနဲ့ ပါတ်သက်ပြီး ပြစ်တင် ရှုတ်ချလိုက်ပြီး အာဏာပိုင်တွေဘက်ကလည်း ဗုံး တရားခံကို ဖမ်းမိဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG