သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေလဲနှုန်းကြောင့် မုန်တိုင်းအလှူငွေ ၂၅% ထိ ဆုံးရှုံးနေ


နာဂစ်မုန်တိုင်းကျရောက်ပြီး မြန်မာနိုင်ငံကို လူသားချင်း ကူညီထောက်ပံ့မှုဆိုင်ရာ ကုလ
သမဂ္ဂရဲ့ ပေးအပ်လှူဒါန်းငွေတွေဟာ နိုင်ငံခြားငွေကို မြန်မာစစ်အစိုးရရဲ့ FEC ငွေလဲ
လှယ်နှုန်းနဲ့ လဲလှယ်ထားတဲ့အတွက် ထောက်ပံ့ငွေအားလုံးရဲ့ ၁၅% ကနေ ၂၅% အထိ
ဆုံးရှုံးနစ်နာသွားခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့ လူသားဘေးဒုက္ခဆိုင်ရာ ကူညီကယ်ဆယ်
ထောက်ပံ့ရေး အကြီးအကဲ ဂျွန် ဟုမ်းမ်စ် (John Holmes) က မနေ့က ဝန်ခံ ပြောကြား
လိုက်ပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ
မစ္စတာဟုမ်းမ်စ်က ပြောကြားခဲ့တာမှာ မြန်မာစစ်အစိုးရရဲ့ ငွေလဲလှယ်နှုန်းကြောင့်
အမေရိကန်ဒေါ်လာ ၁၀ သန်းလောက် ဆုံးရှုံးနစ်နာခဲ့ရတယ်လို့ ဆိုပါတယ်။

FEC လို့ခေါ်တဲ့ နိုင်ငံခြားငွေလဲလက်မှတ် တစ်ဒေါ်လာဟာ ပြင်ပပေါက်ဈေးထက် ၂၅%
လျော့နည်းနေတယ်၊ ဒီပြဿနာကို မြန်မာစစ်အစိုးရကို မိမိတို့က အကြောင်းကြားထား
တယ်၊ ဒီကိစ္စမှာ ဘယ်သူ အမြတ်ထွက်နေတယ်ဆိုတာ သူ့ အနေနဲ့ ရှင်းရှင်းလင်းလင်း
မသိဘူးလို့ မစ္စတာဟုမ်းမ်စ်ကဆိုပါတယ်။

မြန်မာစစ်အစိုးရဟာ သူ့ရဲ့ ဘဏ္ဍာတိုက်မှာ ငွေပိုငွေလျှံရစေဖို့အတွက် အတုအယောင်
ငွေလဲလှယ်နှုန်းကို အသုံးချခဲ့တယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။

နာဂစ်မုန်တိုင်းသင့် မြန်မာပြည်သူတွေအတွက် နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေကို
မြန်မာစစ်အစိုးရက ကန့်သတ်ချုပ်ခြယ်မှုတွေအပေါ် ပြစ်တင် ရှုတ်ချမှုရဲ့ နောက်ပိုင်းမှာ
အခုလို နိုင်ငံတကာရဲ့ ကူညီထောက်ပံ့ငွေအပေါ် စစ်အစိုးရရဲ့ ငွေလဲလှယ်နှုန်းကြောင့်
ကူညီထောက်ပံ့မှုမှာ ဆုံးရှုံးမှုဖြစ်ခဲ့ရတာကို ကုလသမဂ္ဂက ဝန်ခံခဲ့တာဖြစ်ပါတယ်။

နိုင်ငံခြားအလှူရှင်နိုင်ငံတွေက မုန်တိုင်းဒဏ်သင့်အလှူငွေ အမေရိကန်ဒေါ်လာ သန်း
၂၀၀ လောက် ထည့်ဝင်ခဲ့ပြီးဖြစ်ပေမယ့် ကုလသမဂ္ဂကတော့ ဒေါ်လာ ၄၈၂ သန်းထိရရှိ
ဖို့ အလှူရှင်နိုင်ငံတွေနဲ့ ညှိနှိုင်းနေပါတယ်။

ပြီးခဲ့တဲ့ မစ္စတာဂျွန်ဟုမ်းမ်စ်ရဲ့ သုံးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်မှာ မြန်မာစစ်အစိုးရ
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်လ မစ္စတာဟုမ်းမ်စ် ပထမအကြိမ် မုန်တိုင်းပြီးစ မြန်မာနိုင်ငံကို ရောက်ရှိ
ချိန်နဲ့ နှိုင်းယှဉ်ရင် ကူညီကယ်ဆယ်ရေး နိုင်ငံခြားသား စေတနာ့ဝန်ထမ်းတွေရဲ့ မုန်
တိုင်းသင့်ဒေသတွေကလုပ်ငန်းတွေ ပိုမိုချောမွေ့နေတာ တွေ့ခဲ့ရတယ် လို့ ကုလသမဂ္ဂ
ပြောရေးဆိုခွင့်ရှိသူ မစ္စ မီရှဲလ် မွန်းတာ့စ်ကဆိုပါတယ်။

ကုလသမဂ္ဂ၊ အာဆီယံနဲ့ မြန်မာစစ်အစိုးရတို့ရဲ့ သုံးဖွဲ့ပေါင်းထုတ်ပြန်ခဲ့တဲ့ မုန်တိုင်းလွန်
ဆန်းစစ်ချက် PONJA အစီရင်ခံစာက လာမယ့်သုံးနှစ်အတွင်း မြန်မာနိုင်ငံအတွက်
ဒေါ်လာသန်းပေါင်း ၁,၀၀၀ ကျော် လိုအပ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

မေလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ မြန်မာနိုင်ငံကိုကျရောက်ခဲ့တဲ့ နာဂစ်မုန်တိုင်းဒဏ်
ကြောင့် လူပေါင်း ၁၄၀,၀၀၀ နီးပါး သေဆုံး ပျောက်ဆုံးခဲ့ကြရပြီးတော့ အိုးအိမ်၊
လယ်ယာ၊ ကျွဲနွား စတာတွေ အများအပြား ဆုံးရှုံး ပျက်စီးခဲ့ကြရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG