သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေး စစ်တပ်နဲ့ ကင်းကွာလို့မရဘူးလား?


ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ မြန်မာ့တပ်မတော် က ယနေ့ နိုင်ငံတော် အာဏာကို အတင်းအဓမ္မသိမ်းယူ ထိန်းချုပ်ထားလျှက်ရှိနေသည်။ မြန်မာပြည် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးက စစ်တပ်ထိန်းချုပ်မှုနဲ့ ကင်းကွာလိုမရဘူးလား? ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ? မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာဆက်လျှက် ကိုင်စွဲနေရခြင်းက မြန်မာနိုင်ငံအခြေအနေအရ လိုအပ်လို့လား (သို့) စစ်တပ် ခေါင်းဆောင်တွေ အာဏာမက်လို့လား? မြန်မာပြည် စစ်အာဏာရှင် လက်အောက်မှ ဘယ်လိုလွတ်မြောက်အောင် လုပ်ဆောင်မလဲ? စစ်သည်စစ်သားများအတွက် အကျိုးပြုပါသလား? ဘာကြောင့် စစ်ခေါင်းဆောင်တွေ အာဏာစွန့်လွှတ် ရာထူးက မနုတ်ထွက်ကြသလဲ? စတဲ့ အကြောင်းအချက်များကို မြန်မာနိုင်ငံ မျိုးချစ် စစ်သည်ဟောင်းများ အစည်းအရုံး ဥက္ကဌ ဗိုလ်ကြီးဟောင်း ဦးခင်မောင်ညွှန့် (ဗိုလ်သင်တန်း အပတ်စဉ် (၁) သင်တန်းဆင်)၊ အန်စီဂျီယူဘီ တရားရေးဝန်ကြီး ဦးသိန်းဦး (၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်အမတ်) တို့နဲ့အတူ ပြည်တွင်းပြည်ပမှ ဆက်သွယ်ဆွေးနွေးလာသူများရဲ့ ပြောဆိုချက်များကို ဗွီအိုအေ သတင်း အယ်ဒီတာ ဦးကျော်ဇံသာ က စီမံဆွေးနွေး တင်ပြပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG