သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၈ ဘေဂျင် အိုလံပစ် ရွှေတံဆိပ်ဆုရ အမေရိကန် အမျိုးသမီး ဘော်လုံအသင်း


"ကျမတို့ ပွဲစဉ်တလျှောက်လုံးမှာ အဓိက လက်ကိုင်ထားခဲ့တဲ့ အချက်ကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုပါပဲ။ ကျမတို့ ပွဲစဉ်အစက ကိုယ်ဖြစ်ချင်သလို မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျမတို့က ပေတေပြီး ဇွဲမလျှော့ကစားခဲ့လို့ တပွဲထက်တပွဲ ခြေတက် ကစားလာ နိုင်ခဲ့ပါတယ်။ ဒါဟာ အသင်းတသင်းလုံးရဲ့ အောင်မြင်မှုပါပဲ။ ကျမတို့အတွက် သိပ်ကိုစိတ်လှုပ်ရှားစားစရာပါ။ အသင်းဝင်တိုင်းက စုစုစည်းစည်း ညီညီညာညာ ကစားသွားနိုင်တော့အတွက် အထူးဂုဏ်ယူဖြစ်ရတာပေါ့။"

အမေရိကန်အသင်းအနေနဲ့ အိုလံပစ်ပွဲအစက အုပ်စုဗိုလ်ပြိုင်ပွဲမှာ နော်ဝေကို ရှုံးခဲ့ပေးမဲ့ သူတို့၏ မလျှော့ဇွဲ နဲ့ ကြိုးပမ်းကန်ခဲ့တဲ့အတွက် နောက်ဆုံး အရှုံးထဲက အပြုံးနဲ့အောင်ပွဲရခဲ့တာ ဖြစ်ကြောင်း အသင်းခေါင်းဆောင် ခရစ္စတင် ရမ်ပုန် (Christie Rampone) က ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၀၄ အေသင် အိုလံပစ်မှာလည်း ဘရားဇီးလ်အသင်းကို အနိုင်ရ ရွှေတံဆိပ် ရခဲ့တဲ့ အမေရိကန်အမျိုးသမီးဘော်လုံး အသင်းက ယခုနှစ် ၂၀၀၈ ဘေဂျင်းအိုလံပစ်မှာလည်း ဘရားဇီးလ်အသင်းကို အမေရိကန် အလယ်တန်းတိုက်စစ်မှုး ကာလီ လွိုဒ် (Carli Lloyd) ရဲ့ အချိန်ပို ပထမပိုင်း ၉၆ မီနစ်မှာ ကန်သွင်းလိုက်တဲ့ ဂိုး နဲ့ အနိုင်ရ အိုလံပစ် ရွှေတံဆိပ်ဆုကို ထိုက်တန်စွာ ရရှိခဲ့တဲ့ အောင်ပွဲရ အမေရိကန်အမျိုးသမီး ဘော်လုံးအသင်းအကြောင်း အမျိုးသမီးကဏ္ဍမှ ဂုဏ်ပြု တင်ဆက်လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG