သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်တစ်ပါတီ ဒုတိယ သမ္မတ လောင်းအဖြစ် ဂျိုး ဘိုင်ဒန် ကို ရွေးချယ်


ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဘားရက် အိုဘားမား (Barak Obama) ဟာ ဝါရင့်နိုင်ငံရေးသမားကြီးလည်း ဖြစ်၊ နိုင်ငံခြားရေး မူဝါဒ နဲ့ပတ်သက်လာရင် ကျွမ်းကျင်သူလည်း ဖြစ်တဲ့ အထက်လွှတ်တော်အမတ် ဂျိုးဇက် ဘိုင်ဒန် (Joseph Biden) ကို သူနဲ့အတူ လက်တွဲ ယှဉ်ပြိုင်မယ့် ဒု သမ္မတ လောင်း အဖြစ် ရွေးချယ်လိုက်ပြီး ပါတီရဲ့ အခန်းကဏ္ဍ ကို မြှင့်တင်လိုက်ပါတယ်။

ဒီမိုကရက်တစ် သမ္မတ လောင်း နေရာအတွက် သူနဲ့ အဓိက ယှဉ်ပြိုင်ခဲ့တဲ့ အထက်လွှတ်တော် အမတ် ဟယ်လာရီ ကလင်တန် (Hillary Clinton) အပါအဝင် ဒု သမ္မတ လောင်းနေရာ အတွက် ယှဉ်ပြိုင်သူတွေ အများကြီးထဲကမှ မစ္စတာ ဘိုင်ဒန် ကို ရွေးချယ်လိုက်တာကို မစ္စတာ အိုဘားမား က သူ့ရဲ့ ဝက်ဆိုက် မှာ ဒီကနေ့ပဲ ကြေညာလိုက်တာပါ။

မစ္စတာ ဘိုင်ဒန် ကို သူ နဲ့ လက်တွဲဖော် ဒုသမ္မတ အဖြစ် ရွေးချယ်လိုက်ခြင်းအားဖြင့် မစ္စတာ အိုဘားမား ဟာ နိုင်ငံ ခေါင်းဆောင်ဖို့ နိုင်ငံခြားရေး အတွေ့အကြုံ မပြည့်ဝဘူး ဆိုပြီး ရီပါပလစ်ကန် တွေက ပြောဆိုတာကို တန်ပြန်နိုင်မယ့် သဘော ဖြစ်ပါတယ်။

အသက် ၆၅ နှစ် အရွယ် မစ္စတာ ဘိုင်ဒန် ဟာ အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ရဲ့ ဥက္ကဌ ဖြစ်ပြီး ကမ္ဘာ့ရေးရာကိစ္စတွေ နဲ့ပတ်သက်ပြီး ပေါက်ရောက် တတ်ကျွမ်းသူ တယောက်လည်း ဖြစ်ပါတယ်။ အထက်လွှတ်တော်မှာ လုပ်သက်ကလည်း နှစ်ပေါင်း ၃၅ နှစ်ကျော်ပြီ ဖြစ်ပါတယ်။

မစ္စတာ အိုဘားမား ဟာ မစ္စတာ ဘိုင်ဒန် ကို သူ့ရဲ့ ဒု သမ္မတ လောင်း အပြင် ဒီကနေ့ နေ့လည် လူထုစကားပြောပွဲမှာ လူထု နဲ့ တရားဝင် မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG