သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျော်ဂျီယာ ခွဲထွက်ဒေသနှစ်ခုကို လွတ်လပ်သည့်နိုင်ငံများအဖြစ် အသိအမှတ်ပြုရေး ရုရှားအမတ်တွေ တိုက်တွန်း


ဂျော်ဂျီယာက ခွဲထွက်ထားတဲ့ ဒေသနှစ်ခုကို လွတ်လပ်တဲ့ဒေသတွေအဖြစ် အသိအမှတ်
ပြုဖို့ ရုရှားလွှတ်တော်အမတ်တွေက ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဘ် (Dmitri
Mevedev) ကို တောင်းဆိုနေကြပါတယ်။

တောင်အိုဇက်တီးယားနဲ ့အက်ဘ်ခါဇီးယားဒေသတွေကို အသိအမှတ်ပြုဖို့ တိုက်တွန်း
တဲ့ ဆုံးဖြတ်ချက်တခုကို ရုရှားအထက်လွှတ်တော်မှာရော အောက်လွှတ်တော်မှာပါ
တခဲနက် ထောက်ခံ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီဆုံးဖြတ်ချက်အတိုင်း သမ္မတ
မက်ဗီဒက်ဘ်က လိုက်နာဆောင်ရွက်စရာတော့ မလိုအပ်ပါဘူး။

တချိန်ထဲမှာပဲ ရုရှားစစ်တပ်ရဲ့ ဝင်ရောက်ကျူးကျော် တိုက်ခိုက်မှုကို ခံရတဲ့ ဂျော်ဂျီယာ
နိုင်ငံအပေါ် အမေရိကန်က သံတမန်ရေးအရ ထောက်ခံတယ်ဆိုတာ ပြသတဲ့
လက္ခဏာအဖြစ် အမေရိကန် ဒုတိယသမ္မတ ဒစ်က် ချေနီ (Dick Chaney) ကို
ဂျော်ဂျီယာနဲ့ ယူကရိန်းနိုင်ငံတွေဆီကို အမေရိကန်သမ္မတက စေလွှတ်ထားပါတယ်။

ရှေ့သီတင်းပတ်မှာ စတင်မယ့် မစ္စတာချေနီရဲ့ ခရီးစဉ်မှာ အဇာဘိုင်ဂျန်၊ ဂျော်ဂျီယာ၊
ယူကရိန်းနဲ့ အီတလီနိုင်ငံတွေဆီကို သွားမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG