သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အခန်းကဏ္ဍ၊ လုပ်ဆောင်ချက်


မစ္စတာ အီဗရာဟင်ဂန်ဘာရီ (Ibrahim Gambari) ရဲ့ မြန်မာခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်မရဘဲ ပြန်ခဲ့ရပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာ့အရေးကြိုးပမ်းချက်များကို အတိုက်အခံ အင်အားစုများ နဲ့ မြန်မာပြည်သူများက အားမလို အားမရ ဖြစ်နေပါတယ်။ ဘာကြောင့် ကုလသမဂ္ဂ လုပ်ဆောင်ချက်တွေ အရာမထင်၊ အကျိုးမရှိ၊ ဘယ်လို အားနည်းချက်တွေ ရှိနေပါသလဲ။ မကြာခင်မှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန် ကိုယ်တိုင် မြန်မာပြည်ကို သွားရောက်ပါမယ်။

မစ္စတာ ဘန်ကီမွန်း (Secretary-General Ban Ki-moon) သွားခဲ့ရင်လည်း ဘာတွေလုပ်ဆောင်နိုင်မလဲ။ တဖက်မှာ မြန်မာအတိုက်အခံ ဒီမိုကရေစီ အင်အားစုများအနေ နဲ့ ကုလသမဂ္ဂကို ဘယ်လိုတိုက်တွန်း လုပ်ဆောင်နေကြသလဲ၊ တိုးတက်မှု၊ စစ်အစိုးရ နဲ့ ဒီမိုကရေစီ အင်အားစုများရဲ့ ရပ်တည်လုပ်ဆောင်ချက်များကို ဆွေးနွေးတင်ပြထားပါတယ်။

ဆွေးနွေးပွဲကို အဓိကပင်တိုင် ဖြေကြား၊ ဆွေးနွေးမည့်သူများမှာ ပြည်ထောင်စု မြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စလှယ် ဒေါက်တာသောင်းထွန်း၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ အထွေထွေ အတွင်းရေးမှုး ဦးမောင်မောင် တို့နဲ့အတူ ပြည်တွင်းပြည်ပမှ ဆက်သွယ် ဆွေးနွေးလာသူများရဲ့ ပြောဆိုမေးမြန်းချက်များကို ဗွီအိုအေ မြန်မာသတင်း အယ်ဒီတာ ဦးကျော်ဇံသာ က မေးမြန်းဆွေးနွေး တင်ပြပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG