သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူတရပ်ဟာ သူတို့နဲ့ထိုက်တန်တဲ့အစိုးရကိုသာ ရရှိတတ်တယ်


ပြည်သူတရပ်ဟာ သူတို့နဲ့ ထိုက်တန်တဲ့ အစိုးရသာ ရရှိတက်တယ် (People get the government they deserve) လို့ ဆိုရိုးစကားရှိပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ယနေ့လက်ရှိ ဒီမိုကရေစီ ထွန်းကားရေး၊ လူ့အခွင့်အရေးရရှိရေး၊ အာဏာရှင် လက်အောက်မှ လွတ်မြောက်ရေး ဆိုတာတွေက ပြည်သူလူထုရဲ့ တာဝန်ဖြစ်ကြောင်း ပြောဆိုနေကြပါတယ်။ ဒီစကား ပြောဆိုသုံးသပ်မှုတွေ အတိုင်း မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ဆက်လျှက်ရှင်သန်နေတာ ပြည်သူတွေ ဒီစနစ်မျိုးနဲ့ဘဲ ထိုက်တန်နေလို့လား၊ ဒီမိုကရေစီစနစ်နဲ့ မတန်မထိုက်တန်လို့လား စတဲ့ သက်ဆိုင်ရာ အကြောင်းအရာ နိုင်ငံရေးရာသုံးသပ် ဝေဖန်ချက်များကို ဆွေးနွေးတင်ပြထားပါတယ်။

ပြည်သူတရပ်ဟာ သူတို့နဲ့ထိုက်တန်တဲ့အစိုးရကိုသာ ရရှိတတ်တယ်ဆိုတဲ့အကြောင်း မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူး၊ Burma Digest Online ဂျာနယ်က အယ်ဒီတာ ဒေါက်တာ တေဇသူရိယတို့ နဲ့ ဦးကျော်ဇံသာက ဆွေးနွေးတင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG