သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်အသစ် ရွေးချယ်ရန် အာဏာရပါတီအတွင်း ဆွေးနွေး


ဝန်ကြီးချုပ်လုပ်နေစဉ် ရုပ်မြင်သံကြား ချက်ပြုတ်ရေး သရုပ်ပြခန်းမှာ အခကြေးငွေယူပြီး ပါဝင်ခဲ့ခြင်းဟာ နိုင်ငံတော် ဖွဲ့စည်းပုံဥပဒေကို ချိုးဖောက်တာကြောင့် ထိုင်းနိုင်ငံ ဖွဲ့စည်းပုံရေးရာ တရားရုံးတော်မှ မစ္စတာ ဆမတ်ဟာ ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ခံခဲ့ရပါတယ်။ ခြောက်ပါတီ ညွန့်ပေါင်းအဖွဲ့ထဲမှာ အကြီးဆုံး ပါတီဖြစ်တဲ့ ပြည်သူ့အာဏာပါတီက သူ့ကိုပဲ ဝန်ကြီးချုပ်အဖြစ် ပြန်လည် တင်မြှောက်မယ်လို့ ဆိုထားပြီး အသက် ၇၃နှစ်အရွယ် မစ္စတာ ဆမတ် တရားရုံး စီရင်ချက် ချမှတ်ချိန်ကစပြီး မတွေ့ရတော့ဘဲနဲ့ သူ့ကို ပါတီက အဆိုပြုတာကိုလည်း ငြင်းပယ်လိမ့်မယ်လို့ ထင်ကြေးပေး ပြောဆို နေကြပါတယ်။

သောကြာနေ့မှာတော့ ထိုင်းပါလီမာန်က ဝန်ကြီးချုပ်တဦးဦးကိုတော့ ရွေးချယ်ရမှာဖြစ်ပါတယ်။ ဘန်ကောက်မြို့မှာ ရှိတဲ့ အစိုးရရုံးခွဲကို သိမ်းပိုက်ထားတဲ့ အစိုးရ ဆန့်ကျင်ရေး အဖွဲ့က ခေါင်းဆောင်များကတော့ မစ္စတာ ဆမတ်ကို ပြန်ပြီး တင်ရင် ဆက်လက် ဆန္ဒပြမယ်လို့ ကြေညာထားပါတယ်။ လက်ရှိအစိုးရအဖွဲ့ကို ရက်ပေါင်း သုံးဆယ် အိမ်စောင့်အစိုးရအဖြစ် တရားရုံး စီရင်ချက်က ခွင့်ပြုထားတာမို့ ဒုတိယ ဝန်ကြီးချုပ် ဆုံချိုင်းဝမ်စာဝက် က ခေတ္တ ဝန်ကြီးချုပ် အဖြစ် တာဝန်ယူထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG