သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုက် မုန်တိုင်းကြောင့် ဟူစ်တန်မြို့ကြီး ရေလွှမ်းမိုး၊ လျှပ်စစ်မီးများပြတ်တောက်


အမေရိကန်ပြည်ထောင်စု တောင်ပိုင်းက တက်ခ်ဆက် ပြည်နယ်ကိုအိုက် ဟာရီကိန်း
ဝင်ရောက်ခဲ့ပြီးတော့ ရေတွေကြီး၊ နိုင်ငံရဲ့ စတုတ္ထအကြီးဆုံး ဖြစ်တဲ့ ဟူစ်တန်မြို့
တဝိုက်က လူ သန်းနဲ့ချီ လျှပ်စစ်မီး မရ နဲ့ သမ္မတ ဘုရှ် ကတော့ တက်ခ်ဆက် ပြည်နယ်မှာ သဘာဝဘေးအန္တရာယ် အကြီးအကျယ် ကြုံရတဲ့ ပြည်နယ်အဖြစ်နဲ့ ကြေညာထားလိုက်ပါတယ်။

ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် ဗဟိုအစိုးရရဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေ ဝင်ရောက်လုပ်ကိုင်ပေးဖို့ သမ္မတ က စနေနေ့က အမိန့်ပေးခဲ့ပါတယ်။ အိုက် ဟာရီကိန်း တက်ခ်ဆက် ပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်း ကုန်းတွင်းပိုင်းကို
ဝင်ရောက်သွားပြီးတော့ အပူပိုင်း မုန်တိုင်းအဖြစ်နဲ့ အားပျော့သွားပါပြီ။

အဆိုးဆုံး အခြေအနေ မျှော်လင့်ထားတာ ဖြစ်မလာဘူးလို့ တက်ခ်ဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ရစ်ဘ်ဘယ်ရီ က ပြောပါတယ်။ အထူးသဖြင့် မုန်တိုင်းဒဏ် အလူးအလဲ ခံခဲ့ရတဲ့ ဂယ်လ်ဗက်စတန် ကျွန်းမှာတော့ အပျက်အဆီးတွေ အများကြီး ဖြစ်သွားတယ်လို့ မစ္စတာ ဘယ်ရီ က ဆိုပါတယ်။ လျှပ်စစ်မီးတွေ ပြန်ဆက်သွယ်နိုင်ဖို့ သီတင်းပတ်တွေ ကြာအုံးမယ်လို့ အရာရှိတွေ က ခန့်မှန်းပါတယ်။ မုန်တိုင်းဒဏ် အပြင်းဆုံး ခံရတဲ့ဒေသတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ စလုပ်နေပြီ ဖြစ်ပါတယ်။

ဒီတခေါက် ကူညီကယ်ဆယ်ရေးလုပ်ငန်းဟာ တက်ခ်ဆက်ပြည်နယ် သမိုင်းမှာ အကြီးကျယ်ဆုံး ကယ်ဆယ်ရေးလုပ်ငန်း ဖြစ်တယ်လို့ သိရပါတယ်။ အခုချိန်ထိ ကြားရတဲ့သတင်းတွေအရ မုန်တိုင်းကြောင့် လူ ၂ ယောက် သေဆုံးသွားပြီလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG