သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးကို စွဲချက်တင် ရုံးထုတ်


လောင်စာဆီဈေးနှုန်းကြီးမြင့်မှုတွေကြောင့် လူထုဆန္ဒပြ မှုတွေနောက်ပိုင်း သံဃာတော်တွေဦးဆောင်တဲ့ လူထု
ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက အကြမ်းဖက်နှိမ်နင်း
ခဲ့တဲ့အပြင် ဖမ်းဆီးမှုတွေလည်း မပြတ်လုပ်ခဲ့ပါတယ်။ အဲဒီဖမ်းဆီးခံရသူတွေထဲမှာ လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးတို့လည်း ပါဝင်ခဲ့ပါတယ်။ အခု လူ့အခွင့်အရေး
လှုပ်ရှားသူ မစုစုနွေးနဲ့ ကိုဘိုဘိုဝင်းလှိုင်တို့ကို အရေး
ပေါ် စီမံချက်ဥပဒေအပါအဝင် တခြားစွဲချက်တွေနဲ့ ဒီက
နေ့ အင်းစိန်ထောင်မှာ ရုံးထုတ်ခဲ့ပြီး ရမန်ပေးခဲ့ပါတယ်။ အကြောင်းစုံကို ဗွီအိုအေမြန်မာပိုင်းအစီအစဉ် ထိုင်း အခြေစိုက်သတင်းထောက် ဒေါ်အေးအေးမာက ဆက်
သွယ်မေးမြန်း တင်ပြထားပါတယ်။

လူ့အခွင့်အရေးဆုရှင် မစုစုနွေးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ကိုဘိုဘိုဝင်းလှိုင်
တို့ကို ပုဒ်မ ၅(ည)၊ ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၁၂၄(က)၊ ပုဒ်မ ၁၃၀(ခ) တို့နဲ့ အင်းစိန် အနောက်ပိုင်းတရားရုံးမှာ တရားစွဲဆိုခဲ့ကြောင်း ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်
သိန်းက အခုလိုပြောပြပါတယ်။

“စုစုနွေးနဲ့ ဘိုဘိုဝင်းလှိုင်ကို အနောက်ပိုင်းခရိုင်တရားရုံး အင်းစိန်ထောင် သီးသန့်ရုံး
အနေနဲ့ ရုံးထိုင်စစ်တာ။ ဒီနေ့ ရုံးစတင်တဲ့သဘောပေါ့။ ဒါပေမယ့် ရှေ့နေ ဒေါ်ခင်ဌေး
ကြွယ်နဲ့ ဦးကြည်ဝင်းက လွှဲလိုက်တယ်။ ဒေါ်ခင်ဌေးကြွယ် ဒီနေ့ အင်းစိန်ထောင်ဘူးဝ
ကနေ ဝင်ခွင့်မရဘူး။ ပါဝါကို ကြိုတင်ထားရမယ်၊ သုံးရက်မှလာယူပါလို့ သူတို့ကို
ပြောတယ်တဲ့”

မစုစုနွေးတို့ကို တရားစွဲဆိုခဲ့တဲ့ ပုဒ်မတွေနဲ့ပတ်သက်ပြီး ဘယ်လောက်အတိုင်းအတာ
အထိ အရေးယူနိုင်ပါသလဲလို့ မေးတဲ့အခါမှာတော့ …

“၅(ည) ကတော့ အရေးပေါ်စီမံချက်အက်ဥပဒေပေါ့နော်။ သူကလည်း ၇ နှစ်လောက်
အထိ ယူနိုင်တယ်။ ၁၇(၁) ကတော့ မတရားအသင်းဥပဒေပုဒ်မဆိုတော့ သုံးနှစ်လား
မသိဘူး။ ပုဒ်မ ၁၂၄(က) ကတော့ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေတဲ့ပုဒ်မ
ပေါ့။ နောက် ပုဒ်မ ၁၃၀(ခ) က အခြားနိုင်ငံများကို အသရေပျက်စေမှုပေါ့။ အဲဒီပုဒ်မ
လေးခုနဲ့ တရားစွဲတင်တယ်လို့ ပြောပါတယ်”

ဒါ့အပြင် စက်တင်ဘာလှုပ်ရှားမှုကြီးမတိုင်ခင်က ထိန်းသိမ်းခံထားရတဲ့ ကျောင်းသား
ခေါင်းဆောင် ကိုမင်းကိုနိုင်အပါအဝင် ဆယ်ဦးကိုလည်း မကြာသေးခင်ရက်ပိုင်းကပဲ အင်းစိန်ထောင်ထဲက တရားရုံးမှာ ရုံးထုတ် ရမန်ယူခဲ့တယ်လို့ ဆိုပါတယ်။ သူတို့
အားလုံး ၁၀ ဦးရှိပြီး စွဲဆိုထားတဲ့ပုဒ်မကတော့ ပုံနှိပ်ဥပဒေတွေနဲ့ တရားစွဲဆိုခဲ့တာ
ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ပြောပြခဲ့ရာမှာတော့ …

“ကိုမင်းကိုနိုင်နဲ့ ၁၀ ဦးဆိုတာ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ တင်ထူးအောင်၊
ကိုမျိုးအောင်နိုင်၊ အောင်သူ၊ မာကီး ခေါ် ကျော်ကျော်ထွေး၊ ဇော်ထက်ကိုကို၊ ဂျင်မီနဲ့
မင်းဇေယျလို့ ပြောပါတယ်။ သူတို့ကို ပုံနှိပ်ဥပဒေပုဒ်မ ၁၇၊ နောက်တခါ ပုံနှိပ်ဥပဒေ
ပုဒ်မ ၂၀ နဲ့ တရားစွဲတင်တယ်။ ပုံနှိပ်ပုဒ်မ ၁၇ ဆိုရင် မှတ်ပုံမတင်ဘဲ ပုံနှိပ်တယ်ဆိုတဲ့
သဘောပေါ့။ သူက အနည်းဆုံး ထောင်ဒဏ် ၁ နှစ်ကနေ အများဆုံး ၇ နှစ်အထိချနိုင်
တယ်။ ဒဏ်ငွေက သုံးထောင်ကနေ သုံးသောင်းအထိ ချနိုင်တယ်။ ပုံနှိပ်ပုဒ်မ ၂၀
ကတော့ ပြဋ္ဌန်းထားတဲ့ နည်းဥပဒေ ဒါမှမဟုတ် အမိန့်ကို မနာခံတဲ့အတွက် သူက
၁ နှစ်ကနေ ၇ နှစ်အထိ ချနိုင်တယ်။ ဒဏ်ငွေက သုံးထောင်ကနေ သုံးသောင်းအထိ ချမှတ်လို့ရတယ်”

ဒီနေ့တရားရုံးထုတ်ခဲ့တဲ့ လူ့အခွင့်အရေးဆုရှင် မစုစုနွေးဟာ စင်တင်ဘာ လှုပ်ရှားမှု
ကြီးအပြီးမှာ အစိုးရကို ဆန့်ကျင်စာကပ်မှုနဲ့ ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG