သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် မျက်စိဆရာဝန်နှင့် တွေ့ခွင့်ရ


အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့နေအိမ်မှာ မျက်စိဆရာဝန် နဲ့ ဒီတပတ်အတွင်း ၁ နာရီကြာ မျက်စိ စမ်းသပ်မှု ခံယူခဲ့တယ်လို့ အဲန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က ပြောပါတယ်။

ကြာသပတေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး စစ်ဆေးနေကျ ဆရာဝန် နဲ့အတူ မျက်စိ အထူးကု ဆရာဝန် လိုက်သွားပြီးတော့ မျက်စိစစ်ဖို့ အာဏာပိုင်တွေ က ခွင့်ပြုခဲ့တယ်လို့ အဲန်အယ်လ်ဒီ က ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ၄ နာရီကြာလောက် ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ခဲ့တယ်လို့လည်း အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကတော့ သူ့ကို စစ်အစိုးရ က ဆက်ပြီး ဖမ်းဆီးထားတာ နဲ့ပတ်သက်လို့ အယူခံဝင်ဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်လို့ ပြီးပြီလို့ ဦးဉာဏ်ဝင်း ကပဲ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG