သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီတွင် ခိုးဝင်သူများ ပါသည့်ကား မှောက်၊ မြန်မာနိုင်ငံသားများပါ


တရားမဝင် ဝင်ရောက်လာသူတွေကို သယ်လာတဲ့ ထရပ်ကားတစင်း တနင်္ဂနွေနေ့မှာ မှောက်ပြီးတော့ တူရကီနဲ့ ဂရိနိုင်ငံ နယ်စပ်က ချောင်းထဲ ထိုးကျသွားတဲ့အတွက် လူ ၁၈ ယောက် သေဆုံးပြီး ၂၅ ယောက် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ တူရကီနိုင်ငံထုတ် Anatolian သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။

သေဆုံးသွား သူတွေထဲက အများစုဟာ မြန်မာနဲ့ ပါကစ္စတန် နိုင်ငံသားတွေ ဖြစ်တယ်လို့ အဲဒီ သတင်းမှာ ဖေါ်ပြထားပါတယ်။ ဒီကားမှောက်မှုဟာ Istanbul မြို့ရဲ့အနောက်ပိုင်း Malkara မြို့မှာ ဖြစ်ပွားခဲ့တာလို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

တူရကီနိုင်ငံဟာ အရှေ့တောင် အာရှနိုင်ငံတွေနဲ့ အရင် ဆိုဗီယက်ပြည်ထောင်စု နိုင်ငံထဲက ခွဲထွက်ခဲ့တဲ့ နိုင်ငံကလူတွေ ဥရောပ နိုင်ငံတွေကို ခိုးဝင်တဲ့ အဓိက လမ်းကြောင်းဖြစ်နေပါတယ်။ ဒီ တရားမဝင် ဝင်ရောက်သူ အများစုကို မွန်းကျပ် ပြွတ်သိပ်အောင် ထိုးသိပ်ပြီး သယ်ဆောင်လာလေ့ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG