သုံးရလွယ်ကူစေသည့် Link များ

ဒဏ်ခတ်ပိတ်ဆို့မှု - စီးပွားရေးမဖွံ့ဖြိုးရခြင်း၏ အဓိက လက်သည်လော


အောက်တိုဘာ ၀၆၊ ၂၀၀၈ - နိုင်ငံတခုရဲ့ ပြုမူလုပ်ဆောင်ပုံတွေကို တခြားနိုင်ငံတွေ
က လက်မခံနိုင်တဲ့အခါ၊ ပြောင်းလဲဖို့ တိုက်တွန်း တောင်းဆိုတာတွေကို ဂရုမစိုက်ဘဲ
ကိုယ့်ရဲ့ ပြုမူလုပ်ဆောင်ပုံကသာ မှန်ကန်တယ်ဆိုပြီး ဆက်လုပ်နေတဲ့အခါမျိုးတွေမှာ
တခြားနိုင်ငံတခုချင်းစီကပဲဖြစ်ဖြစ်၊ အစုအဖွဲ့လိုက်ပဲဖြစ်ဖြစ် Sanctions လို့ခေါ်တဲ့
ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုတွေကို ချမှတ်ကြလေ့ရှိပါတယ်။

မြန်မာနိုင်ငံပေါ်မှာလည်း အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေအပါအဝင်
ကမ္ဘာ့နိုင်ငံတချို့က စီးပွားရေးအရ ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားပါတယ်။
ဒီလို ချမှတ်ထားတဲ့အပေါ် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက မကြာသေးခင်
ကပဲ ကျင်းပပြီးစီးသွားတဲ့ ၆၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း
ပြောကြားတဲ့မိန့်ခွန်းမှာ ပြစ်တင် ဝေဖန် ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG