သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတရားဖိနှိပ်တဲ့ စစ်အစိုးရကို အိမ်ဖြူတော် အပြင်းအထန်ရှုတ်ချ


အခုရက်ပိုင်းအတွင်း မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ တရား
ဥပဒေနဲ့ ညီညွတ်ခြင်းမရှိတဲ့ စွပ်စွဲချက်တွေနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ
တွေကို ထောင်ဒဏ်နှစ်ရှည်တွေ အပြစ်ပေးနေတဲ့အကြောင်း ဒေသစံတော်ချိန်
တနင်္လာနေ့ ညနေပိုင်းက အမေရိကန်သမ္မတ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်
ပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ ဒီပြစ်ဒဏ်ချမှုတွေဟာ အခုဆိုရင် စုစု
ပေါင်း ၈၆ ယောက်ရှိသွားပြီလို့ ဆိုပါတယ်။

ဖမ်းဆီးခံခဲ့ကြရတဲ့ မြန်မာမျိုးချစ်သူရဲကောင်းတွေဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့
ကိုဌေးကြွယ်တို့လည်း ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ်ချမှတ်ခံရတဲ့အထဲမှာ ပါဝင်တဲ့
အကြောင်း အိမ်ဖြူတော် ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ သူတို့တွေဟာ ပြီးခဲ့
တဲ့ ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြသူတွေ၊ လူထုရဲ့
အခြေခံလိုအပ်ချက်တွေကို စစ်အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြ
သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ဖော်ပြထားတဲ့ အချက်တွေနဲ့အညီ ပြည်သူလူထု
အနေနဲ့ သူတို့ရဲ့ အခြေခံအခွင့်အရေးတွေကို အခုလို တောင်းဆို ဆန္ဒပြတဲ့အပေါ်
စစ်အစိုးရက ရက်ရက်စက်စက် အပြစ်ပေး အရေးယူခဲ့တဲ့အပေါ် အမေရိကန်
ပြည်ထောင်စုအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း ကြေညာချက်
မှာ ဖော်ပြထားပါတယ်။

သူတို့ကို ဖမ်းဆီးထိန်းသိမ်းပြီး တရားဥပဒေနဲ့အညီ ရုံးတင်စစ်ဆေးခြင်း မရှိသလို
သူတို့ကို ရှေ့နေအကျိုးဆောင်တွေ လိုက်ပါဆောင်ရွက်ခွင့် မပြုခဲ့တဲ့အပေါ်မှာလည်း
အမေရိကန်ပြည်ထောင်စုအနေနဲ့ စိတ်မကောင်းဖြစ်မိတယ်လို့ သမ္မတအိမ်ဖြူတော်က
ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG