သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ် ၆၀ ပြည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့


နိုင်ငံတကာ လူ့အခွင့်အရေးကြေညာစာတမ်းကြီးရဲ့ သက်တမ်းက နှစ်ပေါင်း ခြောက်ဆယ် ပြည့်ခဲ့ပါပြီ။ မြန်မာပြည်မှာတော့ လူ့အခွင့်အရေးကို အုပ်ချုပ်စစ်အစိုးရက ချိုးဖောက်ကျူးလွန်နေပေမယ့် မြန်မာနိုင်ငံ ကျေးလက်ဒေသနေ နဲ့ လူအများစုမှာ လူ့အခွင့်အရေးဆိုတဲ့ အသုံးအနှုန်းကို မကြားဘူး မသိသူများ ရှိနေသေးပါတယ်။ အိမ်နီချင်းနိုင်ငံများဖြစ်တဲ့ ကွန်မြူနစ် တပါတီစနစ်ကို ဆက်လျှက်ကျင့်သုံးဆဲ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံများထက် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဟာ များစွာဆိုးကြောင်း (AHRC - Asian Human Rights Commission) အာရှလူ့အခွင့်အရေး ကော်မရှင်မှာ မြန်မာ့အရေး ဆောင်ရွက်နေသူ ရှေ့နေ ဦးမင်းလွင်ဦး က ပြောဆိုပါတယ်။

မြန်မာပြည် လူ့အခွင့်အရေးအခြေအနေ၊ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်နေမှုများ နဲ့ အာရှလူ့အခွင့်အရေးကော်မရှင် နဲ့ နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့များ၏ လုပ်ဆောင်ချက်များကို ပိုမိုသိရှိနိုင်ဖို့ ဦးကျော်ဇံသာက ဦးမင်းလွင်ဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG