သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် နဲ့ မြန်မာ့အရေး


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီမွန်း (Ban-ki Moon) ကိုယ်တိုင် မြန်မာပြည်ကိုသွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်အောင် ကြိုးပမ်းလုပ်ဆောင်ဖို့ နိုင်ငံတကာ အစိုးရခေါင်းဆောင်ဟောင်း တရာကျော်က မကြာမီက ပန်ကြားခဲ့ပါတယ်။ သူအနေနဲ့လုပ်နိုင်တဲ့ အတိုင်းအတာကို သိတဲ့အတွက် အတွင်းရေးမှုးချုပ်က 'မြန်မာ့မိတ်ဆွေများအဖွဲ့ (Group of Friends’ on Myanmar) ဆိုတဲ့အဖွဲ့ကို ကုလသမဂ္ဂမှာ ဖွဲ့ထားပါတယ်။

မြန်မာ့ဒီမိုကရေစီ သမားတွေကို မြန်မာစစ်အစိုးရက ထင်သလို ထောင်ချနေတဲ့ကိစ္စကို ရပ်ဆိုင်းဖို့အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်အနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့ အစိုးရအကြီးအကဲဟောင်းတွေနဲ့ အာရှလွှတ်တော်အမတ်တွေက တောင်းဆိုနေကြပါတယ်။ ကုလသမဂ္ဂ အကြီးအကဲဟာ အကန့်အသတ်ဘောင်အတွင်းမှာသာ လုပ်ကိုင်ဆောင်ရွက်နိုင်တာ ဖြစ်ကြောင်း တခြားဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတာတွေကို ဆောင်ပါးရှင် ဦးအောင်ခင် က ညိုညိုလွင်(ဗွီအိုအေ မြန်မာ) နဲ့ အတူ သုံးသပ်တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG