သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်နဲ့ ပုံမှန်ဆက်ဆံရေး ထားလိုဟု အိန္ဒိယဝန်ကြီးချုပ် ပြော


အိန္ဒိယ၊ ပါကစ္စတန် နှစ်နိုင်ငံအကြား တင်းမာမှု မြင့်မားနေလင့်ကစား ပါကစ္စတန်နိုင်ငံ
နဲ့ ပုံမှန်ဆက်ဆံရေး လိုလားပါတယ်လို့ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ်
(Manmohan Singh ) က ပြောပါတယ်။

ကက်ရှ်မီးယားဒေသ အိန္ဒိယထိန်းချုပ်ထားတဲ့
အခြမ်းက ရွေးကောက်ပွဲ လူထုအစည်းအဝေးပွဲမှာ
ဝန်ကြီးချုပ် ဆင်းဂ် ဒီနေ့ အဲဒီလိုပြောကြားတာ
ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ပါကစ္စတန်နိုင်ငံမှာ အကြမ်းဖက်
မှု တိုက်ဖျက်ရေး၊ ဒီမိုကရေစီစနစ် ထောက်ခံ
အားပေးရေးအတွက် ဒေါ်လာ ၉ ဘီလီယံ
ပါကစ္စတန်နိုင်ငံကို ထောက်ပံ့သွားမယ်လို့
ဧည့်သည် ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း
(Gordan Brown) က ကတိကဝတ် ပြုလိုက်ပါ
တယ်။

နယူးဒေလီမြို့မှာ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ်နဲ့ ဒီနေ့တွေ့ဆုံပြီးနောက် ဗြိတိသျှ
ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း အစ္စလမ်မာဘတ်မြို့ကို ရောက်ရှိသွားကာ ပါကစ္စတန်
သမ္မတ အဆစ်ဖ် အာလီ ဇာဒါရီ (Asif Ali Zardari) နဲ့ တွေ့ဆုံဆွေးနွေးတာပါ။

အနည်းဆုံး ဗြိတိန်နိုင်ငံသားတယောက် ပါဝင်တဲ့ လူ ၁၇၁ ယောက် သေဆုံးရတဲ့
မွမ်ဘိုင်းမြို့ အကြမ်းဖက်တိုက်ခိုက်မှုရဲ့လက်သည် သေနတ်သမားတွေထဲက တယောက်
တည်းသော ကျန်ရစ်သူကို ဗြိတိသျှရဲက မေးမြန်းခွင့် အိန္ဒိယအစိုးရထံ တောင်းခံဖွယ်
ရှိကြောင်း အမည်မဖော်တဲ့ ဗြိတိသျှအစိုးရ သတင်းရပ်ကွက်တခုက ဆိုပါတယ်။

အရင်လ မွမ်ဘိုင်းမြို့ကို တိုက်ခိုက်မှုနဲ့ပတ်သက်လို့ မသင်္ကာရလို့ ပါကစ္စတန်နိုင်ငံမှာ
ထိန်းသိမ်းခံရသူတွေကိုလည်း ဗြိတိသျှရဲက တွေ့ဆုံမေးမြန်းလိုကြောင်း အဲဒီသတင်း
ရပ်ကွက်ကပဲ ဆက်လက်ဖော်ပြပါတယ်။

အိန္ဒိယ ဂျက်တိုက်လေယာဉ်များ ပါကစ္စတန် လေကြောင်းပိုင်နက်အတွင်း ဒီနေ့
ပြောင်ပြောင်တင်းတင်း ထိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ ပါကစ္စတန်အစိုးရ တာဝန်ခံ
များရဲ့ စွပ်စွဲချက် မမှန်ကန်ပါဘူးလို့ အိန္ဒိယလေကြောင်း တာဝန်ခံများက ငြင်းဆိုလိုက်
ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG