သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို အမျိုးသမီး ခေါင်းဆောင်များ ကောင်စီ ဂုဏ်ထူးဆောင် အဖွဲ့ဝင် လျာထား


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင်များ ကောင်စီရဲ့ ဂုဏ်ထူးဆောင် ကောင်စီ အဖွဲ့ဝင်အဖြစ် ခန့်အပ်ဖို့ ရာထားလိုက်ပါတယ်။ ဝါရှင်တန် မြို့တော် အခြေစိုက် ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင်များ ကောင်စီက ကြေညာချက် ထုတ်ပြန်ထားတာနဲ့ပတ်သက်လို့ ကိုသိန်းထိုက်ဦး က တင်ပြထားပါတယ်။

ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင်များ ကောင်စီမှာ ကမ္ဘာတဝှမ်း လက်ရှိနဲ့ အရင်က တာဝန် ထမ်းဆောင်ခဲ့တဲ့ အမျိုးသမီး ခေါင်းဆာင် ၃၇ ယောက်က ဦးဆောင် ဖွဲ့စည်းထားတဲ့ အဖွဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအဖွဲ့ရဲ့ ပထမဆုံး ဂုဏ်ထူးဆောင် ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ဖို့ မဲပေး ရာထားခံထားရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည် လွတ်လပ်ရေး၊ လူ့အခွင့်အရေးကို လေးစား လိုက်နာဖို့ နဲ့ ဒီမိုကရေစီ ပြန်လည် ပေါ်ထွန်းရေး ကြိုးပမ်းချက်တွေကြောင့် အခုလို ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင်များ ကောင်စီရဲ့ ဂုဏ်ထူးဆောင် ကောင်စီ အဖွဲ့ဝင် အဖြစ်လက်ခံဖို့ ရာထားတာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင်များ ကောင်စီဟာ ကမ္ဘာတဝှမ်း အမျိုးသမီး ခေါင်းဆောင်တွေအပေါ် တာဝန်အပ်နှင်းမှုနဲ့ အမျိုးသမီးအမျိုးသား ခွဲခြားမှုတွေ အဆုံးသတ်ဖို့၊ အမျိုးသမီးခေါင်းဆောင်တွေနဲ့ အမျှော်အမြင်နဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ကမ္ဘာတဝှမ်း အစိုးရကောင်းတွေ ပေါ်လာအောင် ထောက်ပံ့ကူညီဖို့ ဦးတည်ပြီး နိုင်ငံတကာ အတိုင်းအတာနဲ့ ဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ဒီအဖွဲ့ရဲ့ လက်ရှိ ဥက္ကဋ္ဌက ကုလသမဂ္ဂလူ့အခွင့်ရေးရာ ကော်မရှင် မင်းကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဘူးတဲ့ အိုင်ယာလန် သမ္မတဟောင်း မေရီ ရော်ဘင်ဆင် (Mary Robenson) ပါ။ ကောင်စီ အဖွဲ့ဝင် တယောက်ဖြစ်တဲ့ ဂါနာ သမ္မတဟောင်း ဂျဲနက် ဂျေဂင် (Janet Jagan) က မြန်မာနိုင်ငံအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် စိုးရိမ်တဲ့အကြောင်း၊ အမြန်ဆုံး ပြန်လွတ်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောဆိုတာကိုလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နောက် ပြင်သစ် ဝန်ကြီးချုပ်ဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ အီဒစ်တ် ခရက်စ်ဆန် (Edith Cresson) ကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ အမျိုးသမီးခေါင်းဆောင်များ ကောင်စီရဲ့ ကြိုးပမ်းချက်တွေကို ထောက်ခံတဲ့ အကြောင်း ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG