သုံးရလွယ်ကူစေသည့် Link များ

ဂီနီဝန်ကြီးချုပ် အာဏာသိမ်းစစ်ဗိုလ်ထံ အညံ့ခံလိုက်ပြီ


ဂီနီနိုင်ငံမှာ အာဏာသိမ်းခဲ့တဲ့ မစ္စတာ မူဆာ ကာမာရာ (Moussa Camara) ကို နိုင်ငံရဲ့
ခေါင်းဆောင်သစ်အဖြစ် ၀န်ကြီးချုပ်က အသိအမှတ်ပြုလိုက်ပြီ ဖြစ်ပါတယ်။

၂၄ နာရီအတွင်း လက်နက်ချရင်ချ၊ ဒါမှမဟုတ်
လိုက်လံရှာဖွေ ဖမ်းဆီးခံရမယ်လို့ မစ္စတာ
ကာမာရာက ကြေညာခဲ့အပြီး ကော်နာကရီ
မြို့တော် အပြင်ဘက်က စစ်တပ်မှာ ၀န်ကြီးချုပ်
အာမက် တီဒီယမ် ဆိုရေး (Ahmed Tidiane
Souare) နဲ့ တခြားအရာရှိ အယောက် ၃၀ တို့
လာရောက်ပြီး လက်နက်ချခဲ့တာ ဖြစ်ပါတယ်။

မစ္စတာဆိုရေးက မစ္စတာကာမာရာကို သမ္မတကြီး
လို့ ခေါ်ဝေါ်ဆက်ဆံပြီး ကျနော်တို့ သမ္မတကြီးရဲ့
အမိန့် နာခံဖို့ အဆင်သင့်ပါပဲလို့ပြောကြောင်း
သတင်းတွေမှာ ဖော်ပြပါတယ်။

ကွယ်လွန်သွားတဲ့ သမ္မတ လန်ဆာနာ ကွန်တေး (Lansana Conte) ဟာ ဂီနီနိုင်ငံကို
စီးပွားရေးပြိုကျမှုဘေးက မကာကွယ်နိုင်ခဲ့ဘူးလို့ မစ္စတာကာမာရာက သတင်းထောက်
တွေကို ပြောပါတယ်။ သူက နိုင်ငံတွင်းဖြစ်ပွားနေတဲ့ မတရားမှုတွေ၊ အဂတိလိုက်စားမှု
တွေကို အဆုံးသတ်အောင် လုပ်ဆောင်သွားကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

မစ္စတာကာမာရာဟာ သမ္မတကွန်တေး ကွယ်လွန်ပြီး တရက်အကြာ အင်္ဂါနေ့က နိုင်ငံကို
စစ်တပ်နဲ့ အာဏာသိမ်းခဲ့သူ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG