သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီရေး ဆန္ဒပြသူ ၉ ဦး ဖမ်းဆီးခံရ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်
တောင်းဆိုခဲ့ကြတဲ့ အတိုက်အခံပါတီဝင် လူငယ်တချို့ကို အာဏာပိုင်တွေက ရန်ကုန်မြို့
မှာ ဖမ်းဆီးလိုက်တယ်လို့ သူတို့နဲ့နီးစပ်တဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေက ပြောပါ
တယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြတဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီဝင် လူငယ် အနည်းဆုံး ၉ ဦးကို
အာဏာပိုင်တွေက ဒီကနေ့ပဲ ဖမ်းဆီးလိုက်တာပါ။ ဒါနဲ့ပတ်သက်လို့ အကြောင်းစုံကို
စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(အန်န်အယ်လ်ဒီ) ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်
ရေးအတွက် ပါတီဝင်လူငယ်တွေ ရန်ကုန်မြို့က လမ်းတွေပေါ်မှာ တောင်းဆိုဆန္ဒပြကြ
ရင်း အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာပါ။ ရန်ကုန်မြို့မှာရှိတဲ့ အန်န်အယ်လ်ဒီ
ရုံးချုပ်ကနေ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုတဲ့ စာတန်းတခုကို
ကိုင်ဆောင်ပြီး စတင်လှည့်လည်ခဲ့တာ နောက်ဆုံး လုံခြုံရေးအာဏာပိုင်တွေက
ဝိုင်းဝန်းဖမ်းဆီးတာကို ခံလိုက်ရတာလို့ ဖမ်းဆီးခံရသူတွေရဲ့ လုပ်ဖော်ကိုင်ဖက် လူငယ်
တဦးက ပြောပါတယ်။

“၉ ယောက်ပါသွားတယ်။ သူတို့က ဒီနေ့ လူငယ်ဟောပြောပွဲကနေ ပြန်ကြတာပေါ့။
အန်ကယ်ဦးခင်မောင်ဆွေရဲ့ ဟောပြောပွဲက ပြန်ကြတာ။ ပြန်ကြတော့ ပင်နီတိုက်ပုံ
တွေနဲ့၊ Free Daw Aung San Suu Kyi ဆိုပြီး ဆိုင်းဘုတ်ကိုင်သွားတယ်။ Free
Daw Aung San Suu Kyi ဆိုပြီး အင်္ဂလိပ်လို ပိတ်စအဖြူပေါ်မှာ အနီစာလုံးနဲ့ရေးထား
တယ်။ အဲဒီဆိုင်းဘုတ်မှာပဲ ဘေးတဖက်စီမှာ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံတွေ
ကပ်ထားတယ်။

“အဲဒီအတိုင်း အေးချမ်းစွာပဲ သူတို့ လမ်းလျှောက်သွားကြတယ်။ သူတို့ဘာသာသူတို့
ဘာမှလည်း မပြောဘူး၊ ပင်နီတိုက်ပုံလေးတွေနဲ့ ရင်ထိုးလေးတွေ ထိုးထားကြတယ်။
တချို့ကလည်း စံပယ်ပန်းလေးတွေ ချိတ်ထားတယ်၊ ရင်ဘတ်တွေမှာ။ အန်န်အယ်လ်ဒီ
ရုံးရှေ့ကနေ ချီတက်သွားကြတာ။ မြေနီကုန်းကနေပြီး ပြည်လမ်းကနေ မြို့ထဲဘက်
ပြန်ထွက်တာ၊ ပြည်သူ့လွှတ်တော်ရှေ့ရောက်တော့ အရပ်ဝတ်နဲ့ အမည်မသိလူတွေက
ဝင်ပြီး ဖမ်းဖမ်းဖမ်းဆိုပြီး ဝင်ဆွဲကြတယ်။ အဲလိုဆွဲတဲ့အချိန်မှာပဲ ရဲကားတစီး
ရောက်လာတယ်။ ပြီးတော့ တုတ်တွေနဲ့ ပြေးဆင်းပြီး ဆွဲကြ ရိုက်ကြတာပဲ။”

ဒီလို ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုလှုပ်ရှား
ခဲ့ကြတဲ့ လူငယ်တွေထဲက ဒီကနေ့ ဖမ်းဆီးခံခဲ့ရတာဆိုရင် အနည်းဆုံး အန်န်အယ်လ်ဒီ
ပါတီဝင် လူငယ် ၉ ဦး ပါတယ်လို့လည်း ဆိုပါတယ်။

“အားလုံးပေါင်း ၉ ယောက်ပေါ့။ ဘယ်သူတွေပါလဲဆိုတော့ ကိုထွန်းထွန်းဝင်း
စမ်းချောင်းလူငယ်တာဝန်ခံ၊ ကိုထွန်းလင်း စမ်းချောင်း၊ ကိုပြည့်ပြည့် စမ်းချောင်း၊ သူက
ဒဂုံတက္ကသိုလ်က ပထမနှစ် ဥပဒေကျောင်းသားတယောက်ပေါ့၊ ပြီးတော့
ကောင်းထက်လှိုင် စမ်းချောင်း၊ အောင်ဖြိုးေ၀ စမ်းချောင်း၊ သက်မောင်ထွန်း
စမ်းချောင်း၊ ထက်ထက်ဦးေ၀ ရွှေပြည်သာ၊ ဝင်းမြင့်မောင် ခေါ် ပဲပြုတ် ခရမ်း၊
ကိုမင်းသိန်း သာကေတတို့ဖြစ်တယ်။ သူတို့ကိုဆွဲတာတော့ ပြည်သူ့လွှတ်တော်ရှေ့မှာ
ဆွဲသွားကြတာပဲ။ အရပ်ဝတ်တွေနဲ့ ဝင်ဆွဲတာ။ ဆွဲနေတဲ့အချိန်မှာပဲ ယူနီဖောင်းဝတ်
တွေနဲ့ ရဲကားတစီးရောက်လာပြီး တုတ်တွေနဲ့ ပြေးဆင်းသွားကြပြီး ဝင်ဖမ်းကြတာပေါ့။”

ဒီလို ဆန္ဒပြလှုပ်ရှားမှုတွေ ဖြစ်တဲ့အခါ မြန်မာစစ်အစိုးရ အာဏာပိုင်တွေဘက်က
ဖမ်းဆီးအရေးယူတာတွေနဲ့သာ တုံ့ပြန်လေ့ရှိတဲ့ကြားကပဲ အခုလို လှုပ်ရှားမှုတွေကစပြီး
လူထုအုံကြွမှုတွေ မြန်မာနိုင်ငံမှာ ပေါ်ပေါက်လေ့ရှိတာပါ။ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်ထဲတုန်း
က ကုန်ဈေးနှုန်းနဲ့ လောင်စာဆီဈေး ကျဆင်းရေး လှုပ်ရှားမှုတွေ၊ သံဃာတော်တွေရဲ့
မေတ္တာပို့ကြွချီ လှုပ်ရှားခဲ့ကြတဲ့ နေရာတွေမှာဆိုရင်လည်း နောက်ပိုင်းတွေမှာ တနိုင်ငံ
လုံးအတိုင်းအတာအထိ ရိုက်ခတ်ခဲ့တာတွေ ရှိခဲ့လို့လည်း အာဏာပိုင်တွေက သွေးထွက်
သံယိုဖြစ်တဲ့အထိ ချေမှုန်းပြီး ကိုင်တွယ်ခဲ့တာတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG