သုံးရလွယ်ကူစေသည့် Link များ

မန္တလေး ရတနာပုံဈေးမီး ဆိုင်အားလုံးနီးပါး ဆုံးရှုံး


မန္တလေး၊ ရတနာပုံဈေးမှာ ဒီနေ့မနက်
၈ နာရီလောက်က မီးလောင်မှုတခု ဖြစ်ပွား
ခဲ့ပါတယ်။ အဲဒီမီးဟာ အချိန်အတော်ကြာ
အောင် ငြှိမ်းသတ်လို့မရနိုင်အောင် လောင် ကျွမ်းနေခဲ့တာဖြစ်ပြီး အဲဒီအကြောင်းကို
မန္တလေးက ရဲတယောက်က ဗွီအိုအေကို အခုလိုပြောပြပါတယ်။

“မနက် ၈ နာရီ ၂၀ က၊ ၀ိုင်ယာရှော့ခ်လေ။ တဈေးလုံးကုန်ပါပြီ။ အခုထိလည်း ငြှိမ်းလို့မရ
သေးဘူး။ မီးသတ်ကားတွေတော့ ၀ိုင်းငြှိမ်းနေ
တယ်။ ဈေးအလယ်ခေါင်ဆိုတော့ ၀င်လို့မရဘူးဖြစ်နေတယ်။ လူတော့ ဘာမှမဖြစ်ပါဘူး”

အကြီးအကျယ်လောင်ကျွမ်းနေခဲ့တဲ့မီးကို မီးသတ်တွေက ခက်ခက်ခဲခဲနဲ့ ငြှိမ်းခဲ့ရတဲ့ အကြောင်းကိုလည်း မီးလောင်နေစဉ်အချိန်တုန်းကပဲ မန္တလေးမြို့ခံတယောက်က အခုလိုပြောပြပါတယ်။

“မနက် ၈ နာရီလောက်ကတည်းက လောင်နေတယ်။ အခုထိတော့ မီးက မငြိမ်းသေး
ဘူး။ သူတို့လည်း အလုပ်တော့ လုပ်နေကြတာပဲ။ ဒါပေမယ့် မနိုင်သေးဘူး။ တခြားမြို့
တွေကလည်း လာကြတယ်ထင်တယ်။ ဒါပေမယ့် အခုထိတော့ ငြှိမ်းလို့မရသေးဘူး”

ဆိုင်ခန်းတွေအတော်များများဆုံးရှုံးခဲ့တဲ့မီးဟာ ကွန်ပျူတာဆိုင်ခန်းက စတင်လောင်
ကျွမ်းတာ ဖြစ်ပုံရတယ်လို့ ဆိုင်ခန်းပိုင်ရှင်တယောက်က ဗွီအိုအေကို ပြောပြပါတယ်။

“အပေါ်က ကွန်ပျူတာခန်းက စဖြစ်တယ်လို့ပြောတာပဲ။ မီးသတ်သမားတွေ အထဲမ၀င်
နိုင်ဘူးတဲ့။ အပြင်ကနေပဲ ထိန်းရုံပဲ ထိန်းနေရတယ်တဲ့။ ဈေးက Sky Walk က ပထမ
ထပ်၊ အထည်တန်းက အောက်ထပ်၊ ရတနာပုံက အောက်ထပ်”
ဆိုင်ခန်းပိုင်ရှင်တယောက် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၄၊ ရေအုတ်ကန်ရွာမှာလည်း ဒီနေ့မနက်က မီးလောင်ကျွမ်းခဲ့ပါတယ်။ အခြေအနေကို မြို့ခံတယောက်က အခုလို ပြောပြပါတယ်။

“ထမင်းချက်တဲ့နေရာကနေ စလောင်တယ်ပြောတာပဲ။ သောင်ကြီးရပ်ကွက်၊
ရေအုတ်ကန်။ မီးလောင်တာ အိမ်ခြေတော့ တော်တော်များသွားတယ်။ အိမ်တွေက သေးသေးလေးလေးတွေဆိုတော့ အိမ်အလုံးရေ တော်တော်များတယ်။ ခန့်မှန်းချေ
ကတော့ သူတို့ရပ်ကွက် လေးပုံတပုံလောက်ပါသွားတယ် ပြောတာပဲ။ အနည်းဆုံး
၇၀၊ ၈၀ တော့ ပါမယ်ထင်တာပဲ။ မနက် ၇ နာရီခွဲက လောင်ပါတယ်။ ရာသီဥတုက
လည်း လေငြိမ်လို့၊ လေမငြိမ်ရင် တော်တော်ကုန်မှာပေါ့။ မီးသတ်ကတော့ ပြန်သွားကြ
ပါပြီ။ သူတို့ အခု ရပ်ကွက်တွေမှာ ကြော်ငြာသံကြားတာတော့ ထမင်းထုပ်ပေးဖို့ပဲ
အသံကြားပါတယ်။ စပီကာနဲ့အော်နေတယ်”
ရန်ကုန် လှိုင်သာယာမြို့နယ်မှာ ဒီနေ့မနက် လောင်ခဲ့တဲ့မီးအကြောင်း မြို့ခံတယောက် ပြောပြခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG