သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့ဆန္ဒခံယူပွဲဆိုင်ရာ ဥပဒေထုတ်ပြန်


မြန်မာစစ်အစိုးရကဦးဆောင်ပြီး ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ
မူကြမ်းကို အတည်ပြုရေး ပြည်သူ့ဆန္ဒခံယူပွဲကို မေလမှာကျင်းပမယ်လို့ မြန်မာ
စစ်အစိုးရက ကြေညာထားခဲ့ပေမယ့်လည်း ဘယ်နေ့ကျင်းပမယ်ဆိုတာကို အခုချိန်ထိ မပြောသေးပါဘူး။

ဒါပေမယ့် ဒီကနေ့ည ရှစ်နာရီ ရေဒီယိုနဲ့ ရုပ်မြင်သံကြားသတင်းတွေမှာတော့ ပြည်သူ့ ဆန္ဒခံယူပွဲဆိုင်ရာ ဥပဒေတွေကို ထုတ်ပြန်ကြောင်း၊ အဖွဲ့ဝင်လေးဆယ့်ငါးဦးပါဝင်တဲ့ ပြည်သူ့ဆန္ဒခံယူပွဲဆိုင်ရာ ကော်မရှင်တရပ်ကိုလည်း ဖွဲ့စည်းလိုက်တဲ့အကြောင်း မြန်မာ
စစ်အစိုးရက ဒီကနေ့ ကြေညာလိုက်တာကို အေပီသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာစစ်အစိုးရ ဦးဆောင်ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံမူကြမ်းဟာ ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်အများစု ပါဝင်ရေးဆွဲကြတာမဟုတ်လို့
ဆိုပြီး အများကဝေဖန်နေကြပါတယ်။ ပြည်သူ့ဆန္ဒခံယူပွဲမှာ ပြည်သူတွေက မူကြမ်းကို ထောက်ခံအတည်ပြုမလား ဒါမှမဟုတ် ကန့်ကွက်ပယ်ချမလားဆိုတာ မသိရသေးဘဲ
၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ နောက်တကြိမ်ထပ်လုပ်မယ်လို့ စစ်အစိုးရက ကြိုတင် ကြေညာထားတဲ့အပေါ် အန်န်အယ်လ်ဒီပါတီကလည်း ဝေဖန်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG