သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက်နဲ့ ကျန်းမာရေး


ဇန်နဝါရီ ၇၊ ၂၀၀၉။ အမေရိကန်ပြည်ထောင်စုမှာ သန်းနဲ့ချီတဲ့ အင်တာနက်အသုံးပြုသူတွေဟာ နာမကျန်းဖြစ်တာ ဖျားနာတာ တခုခုဖြစ်ရင် တကြိမ်မဟုတ် တကြိမ် အင်တာနက် အော်လိုင်းပေါ်ကနေ ဆေးပညာဆိုင်ရာ အချက်အလက်တွေ ရောဂါနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ အကြံပြုချက်တွေကို ရှာဖွေဖတ်ရှုကြပါတယ်။

အများပြည်သူ ကြည့်လို့ရတဲ့ ဖန်တီးလို့ရတဲ့ ဝက်ဆိုဒ်မှာ ဖြစ်လေတော့ သူတို့ရတဲ့ အဖြေတွေ အချက်အလက်တွေက ဘယ်လောက် မှန်ကန်နိုင်မလဲဆိုတာတော့ တပ်အပ်ပြောရခက်ပါတယ်။ ဒါပေမယ့်လည်း အတော်များများကတော့ အင်တာနက်ဟာ သူတို့အတွက် တခုခုဖြစ်ရင် အသက်ကယ်နိုင်တဲ့ ဌာနတခုလို့ ယူဆပါတယ်။

အင်တာနက်ပေါ်ကနေ ကျန်းမာရေးဆိုင်ရာအချက်အလက်တွေ ရှာဖွေလို့ရတဲ့ အချက်အလက်တွေက ဘယ်လောက်အထိ မှန်ကန်ထိရောက်သလဲ၊ ဘယ်အတိုင်းအတာအထိ ယုံကြည်စိတ်ချလို့ရနိုင်မလဲ .. ဆိုတာတွေကို ကျန်းမာရေးအစီအစဉ်မှာ ကိုသားညွန့်ဦးက တင်ဆက်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG