သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့


Nအာဆီယံ ထိပ်သီးညီလာခံကို ထိုင်းနိုင်ငံ ရဲ့မြို့တော် ဘန်ကောက်နဲ့ ဝေးလံတဲ့ အပန်းဖြေမြို့ကလေးဖြစ်တဲ့ ဟွာဟင်း Hua Hin မှာ ရွှေ့ပြောင်းပြီး ကျင်းပမယ်လို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝပ်ချာဇီ၀ Abhisit Vejjajiva က ကြေငြာလိုက်ပါတယ်။
အရင်တုန်းက တံငါရွာကလေး တရွာဖြစ်တဲ့ ဟွာဟင်း အပန်းဖြေ စခန်းဟာ အာဆီယံ နိုင်ငံတွေရဲ့ ထိပ်သီး အစည်းအဝေး အတွက် အသင့်လျှော်ဆုံး လက်ခံ ကျင်းပပေးနိုင်မဲ့ နေရာဖြစ်တယ်လို့ မစ္စတာ အဘီဆစ်ကပြောပါတယ်။ အာဆီယံ ညီလာခံကို ဒီဇင်ဘာလထဲမှာ ကျင်းပဘို့ စီစဉ်ထားပေမဲ့ အရင် ထိုင်းအစိုးရ ဟောင်းလက်ထက်မှာ အစိုးရကို ကန့်ကွက် ဆန္ဒပြမှုတွေကြောင့် ရွှေ့ဆိုင်းခဲ့ ရပါတယ်။

အခုတော့ အာဆီယံ ခေါင်းဆောင်တွေရဲ့ အစည်းအဝေးကို ဖေဖေါ်ဝါရီလ ၂၇၊ ၂၈ နဲ့ မတ်လ ၁ရက်နေ့ တွေမှာ ကျင်းပမယ်လို့ မနေ့က ကြေငြာခဲ့ ပါတယ်။ မစ္စတာ အဘီဆစ်ကို ဆန့်ကျင်တဲ့ အတိုက်အခံတွေကတော့ ဒီညီလာခံကို အနှောင့်အယှက်တွေ ပေးမဲ့ အပြင် မကျင်းပဖြစ်အောင်လည်း တားဆီးဘို့ ကြိုးစားမယ်လို့ ပြောခဲ့ ကြပါတယ်။
အခုလို ညီလာခံကို ဝေးလံတဲ့နေရာ ကို ရွှေ့ဘို့ စဉ်းစားရတာဟာ ဘန်ကောက်က လမ်းမတွေပေါ်မှာ ဆန္ဒပြလာမှာကို စိုးရိမ်လို့ပါလို့ မစ္စတာ အဘီဆစ်က ဝန်ခံခဲ့ပါတယ်။ ဒီညီလာခံကို နဂိုက ဘန်ကောက်မြို့မှာ ကျင်းပဘို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG