သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ ခိုင်ခိုင်မာမာရှိမယ့် အပစ်အခတ် ရပ်စဲရေးဖြစ်ဖို့ သမ္မတဘုရ်ှ တိုက်တွန်း


အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား သွေးထွက်
သံယိုတိုက်ခိုက်မှုတွေ ဖြစ်နေတာ အဆုံးသတ်
စေဖို့အတွက် ရေရှည်ခံမယ့် အပစ်အခတ်ရပ်စဲ
ရေးတခု ရရှိရေး သမ္မတဘုရှ်က ထပ်မံ
တောင်းဆိုလိုက်ပါတယ်။

ဒီလိုအပစ်အခတ်ရပ်စဲရေး ဖြစ်ဖို့ဆိုတာ
ဟားမတ်စ်တို့ဘက်က အစ္စရေးထဲကို
ရော့ကက်လောင်ချာတွေနဲ့ ပစ်နေတာ ရပ်မှ
ဖြစ်လိမ့်မယ်ဆိုပြီး အိမ်ဖြူတော်မှာ ဒီနေ့
ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း
အကြောင်းအရာ အများအပြားကို ပြောဆိုတဲ့
နေရာမှာ သမ္မတဘုရှ်က ပြောခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပါလက်စတိုင်းနိုင်ငံတခု ဖန်တီးဖို့အတွက်ကိုလည်း သမ္မတဘုရှ်က ထပ်ပြီး
တောင်းဆိုခဲ့ပါတယ်။ နှစ်နိုင်ငံအကြား ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူယှဉ်တွဲ နေထိုင်နိုင်
ရေးအတွက် သတ်မှတ်ချက်တွေကို ချမှတ်ဖို့ကတော့ စိန်ခေါ်မှုဖြစ်လိမ့်မယ်လို့လည်း
သမ္မတဘုရှ်က မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆို
သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG