သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးထုပ် (Hat) နဲ့ ပတ်သက်တဲ့ အီဒီယံ အသုံးအနှုန်းများ


ဒီတပါတ် တင်ပြမယ့် အီဒီယံအသုံးအနှုန်းများကတော့ At the drop of a hat, Pull something out of the hat, Pass the hat နဲ့ Take off my hat တို့ ဖြစ်ပါတယ်။

At the drop of a hat - ဦးထုပ်အောက်ဖက် ကျသွားတာနဲ့ လို့ လုံးကောက်တိုက်ရိုက်ပြန်ဆို ပြောဆိုနိုင်ပါတယ်။ အီဒီယံသွယ်ဝိုက်အသုံး အဓိပါ္ပယ်ကတော့ ဖတ်ကနဲ ဇတ်ကနဲ၊ မဆုတ်မဆိုင်း လက်မနှေးပဲ ချက်ချင်းတုန့်ပြန်ခြင်းလို့ ပြောဆိုသုံးနိုင်ပါတယ်။ ဒီအသုံးအနှုန်းက အငြင်းပွားမှုကို သေနတ်သုံးပြီး နှစ်ယောက်ချင်း တိုက်ပွဲနဲ့ ဖြေရှင်းရာက ဆင်းသက်လာတာ ဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်တာကို အမေရိကန် cowboy ရုပ်ရှင်တွေမှာ တွေ့မြင်နိုင်ပါတယ်။ ပြဿနာဖြစ်ကြသူနှစ်ဦး ချိန်းပြီး ရင်ဆိုင်အဆင်သင့်ဖြစ်တဲ့အခါမှာ ဒိုင်လူကြီးက သူလက်ထဲက ဦးထုပ်ကို အောက်ကိုချပြီး အချက်ပေးလိုက်တာနဲ့ ရန်ဖက်နှစ်ဦးတို့ တစက္ကန့်နှောင်နှေးမှုမရှိပဲ တယောက်ကိုတယောက် သေနတ်နဲ့ ပစ်ခိုက်ကြတဲ့ သဘောဖြစ်ပါတယ်။ အခုခေတ်မှာတော့ နှစ်ဦးချင်း ဓားခုတ်ပွဲတို့၊ သေနတ်ပစ်ခတ်ခြင်းတို့ မရှိကြတော့ပေမယ့် စိတ်တိုပြီး ဒေါသထွက်ကာ ရုတ်ချည်းလုပ်ကိုင်တက်သူတွေကို ဒီအသုံးအနှုန်း နဲ့ ရည်ညွှန်းပြောဆိုနိုင်ပါတယ်။

"Tom Eakin is usually a good hearted friendly guy. But, he has one problem a hot temper. Say something he doesn't agree with, and he starts a loud argument at a drop of a hat." "တွမ် အက်ကင် က စိတ်ကောင်းမနှောကောင်း ရှိပြီး ခင်မင်တက်သူဖြစ်ပါတယ်။ ဒါပေမဲ့ သူမှာ ချို့ယွင်းချက်တခုကတော့ အင်မတန် စိတ်တိုတက်တဲ့အချက်ပါပဲ။ သူသဘောမတူတဲ့ အကြောင်းတခုခုကို ပြောမိရင် သူဟာ ရုတ်တရက် အော်ကြီးဟစ်ကျယ် စကားစများတော့တာပဲဗျာ။"

Pull something out of the hat - ဦးထုပ်ထဲက တခုခု စွဲထုတ်လိုက်ခြင်း လို့ တိုက်ရိုက်ပြန်ဆိုနိုင်ပါတယ်။ အီဒီယံမှာတော့ အခြေအနေက သိပ်ဆိုးတဲ့အခါမှာ ကယ်တင်နိုင်စွမ်းရှိသူကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီစကား ဇစ်မြစ်ကတော့ မျက်လှည့်ဆရာတဦးက အထဲမှာ ဘာမှမရှိတဲ့ ဦးထုပ်တလုံးကို အဝတ်နဲ့အုပ်ပြီး အုံဖွ ဟတ်ချလောင်းလုပ်လိုက်ပြီး ယုန်ကလေး (သို့) ငှက်ကလေး ဆွဲထုတ်ပြတဲ့ပြကွက်က ဆင်းသက်လာတာဖြစ်ပါတယ်။ ဒါကြောင့် ဘာမှမရှိတဲ့အနေအထားကနေ ပြဿနာကိုဖြေရှင်းပေးနိုင်စွမ်း ရှိတာကို ဆိုလိုပါတယ်။

"Our company is in deep trouble. We were out of money and had to pay the bank a five million dollar loan by Tuesday. Unless the boss can pull something out of the hat, we'll be out of business." "ကျနော်တို့ ကုမ္မဏီကတော့ ဒုက္ခအကြီးအကျယ်ရောက်နေပြီ။ ပိုက်ဆံလည်းမရှိတော့ဘူး။ အင်္ဂါနေ့ နောက်ဆုံးထားပြီး ဘဏ်တိုက်ကို ဒေါ်လာငွေ ငါးသန်း ပြန်ဆပ်ဖို့လိုတယ်။ ကျနော်တို့ အကြီးအကဲက တခုခုဖန်တီးပေးနိုင်စွမ်း မရှိရင်တော့ ကျနော်တို့ စီးပွားရေးလုပ်ငန်း ပျက်ပါပြီ။"

Pass the hat - ဦးထုပ်ကို လက်ဆင့်ကမ်းခြင်း လို့ တိုက်ရိုက်ပြန်ဆိုနိုင်ပါတယ်။ ဒီအသုံးအနှုန်းက ခရစ်ယာန်ဘုရားကျောင်းတွေမှာ ဦးထုပ်ကို လက်ဆင့်ကမ်းပြီး အလှုငွေကောက်ခံယူခြင်း အစဉ်အလာမှ ဆင်းသက်လာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အလှုမင်္ဂလာ၊ အသုဘပွဲတွေမှာလည်း ငွေကူညီ ထောက်ပံ့ပေးတဲ့ ဓလေ့နဲ့ တူပါတယ်။

"When Bill Brown's baby daughter was hurt in the auto-accident in last week, we passed the hat around the office and collected three hundred dollars to have paid the doctor's bill." "ပြီးခဲ့တဲ့ သတင်းပါတ်က ဘေလ်ဘရောင်းရဲ့ သမီးငယ်လေး မော်တော်ကားတိုက်ခံရလို့ ရုံးမှာ ငွေကောက်ခံပြီး ဆရာဝန်ကို ပေးရမယ့် ဆေးကုခဖို့ ကူငွေ ဒေါ်လာသုံးရာ ရခဲ့ပါတယ်။"

Take off my hat - ဦးထုပ်ကို ချွတ်လိုက်ခြင်း လို့ တိုက်ရိုက်ပြန်ဆိုနိုင်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ စွမ်းဆောင်ချက်တခုခုအတွက် လက်ဖျားခါရာလိုက်အောင် လှိုက်လှိုက်လှဲလှဲ ချီးကျုးရတဲ့ သဘောဖြစ်ပါတယ်။

"I should take off my hat to my boss. I don't know how in the world he did it, but somehow he pull something out of the hat, and got five million dollars to save the business." "ကျနော်တို့ အကြီးအကဲကတော့ အပြတ်အထင်ကြီးစရာ ကောင်းလှပါတယ်။ သူဘယ်လိုလုပ်လိုက်လည်း မသိပါဘူး။ သူ့နည်းသူ့ဟန် နဲ့ ပြဿနာကို အဖြေရှာလိုက်တာ မယုံနိုင်လောက်အောင် စွမ်းဆောင်ပေးနိုင်တဲ့အတွက် လုပ်ငန်းမပျက်ရအောင် လိုနေတဲ့ ဒေါ်လာငွေ ငါးသန်းကို ရှာပေးနိုင်ခဲ့တယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG