သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်ဖက်တောင်းဆိုမှုများ နဲ့ ကုလအခန်းကဏ္ဍ


ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) မြန်မာနိုင်ငံကို သတ္တမအကြိမ် သွားရောက်ခဲ့ပါတယ်။ သူရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ပေါ်ထွန်းလာခဲ့တဲ့ ဂယက်တွေထဲမှာ မြန်မာအတိုက်အခံဖက်က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသမားတွေကို လွှတ်ပေးရမယ်ဆိုတဲ့ တောင်းဆိုခြင်းဟာ နှစ်ဖက်တွေ့ဆုံဆွေးနွေးရေးအတွက်သော်လည်းကောင်း၊ မြန်မာနိုင်ငံရှေ့ အလားအလာတိုးတက်ရေးအတွက်သော်လည်းကောင်း အဟန့်အတားဖြစ်စေသော စည်းကမ်းသတ်မှတ်ချက်ဖြစ်တယ်ဆိုတဲ့ ဝေဖန်ချက်တွေ ပေါ်ထွက်လာခဲ့ပါတယ်။ မစ္စတာ ဂမ်ဘာရီ ခရီးစဉ်ကာလအတွင်း စစ်အစိုးရ နဲ့ အတိုက်အခံများရဲ့ ဆွေးနွေးတောင်းဆိုချက်များကို ပိုမိုသိရှိနိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း နဲ့ မြန်မာ့အရေးလေ့လာ စောင့်ကြည့်နေသူ ဦးဝင်းမင်း တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG