သုံးရလွယ်ကူစေသည့် Link များ

Back အသုံးအနှုန်းဆိုင်ရာ အီဒီယံများ


ဒီတပါတ် အမေရိကန် အီဒီယံအသုံးအနှုန်း သင်ခန်းစာမှာ back ကို အခြေခံတဲ့ အီဒီယံ စကားလုံးများဖြစ်တယ့် back seat driver, back to square one နဲ့ back to the drawing board တို့ကို တင်ပြထားပါတယ်။

Back seat driver - ကားနောက်ခံမှာထိုင်ပြီး ကားမောင်းသူလို့ တိုက်ရိုက်ပြန်ဆိုနိုင်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကတော့ ကားမောင်းတဲ့လူကိုယ်စား ကားနောက်ခံကဖြစ်စေ ဘေးခုံကဖြစ်စေလိုက်စီးသူကနေ ကားမောင်းသူကို ဆရာလုပ်တာကို ဆိုလိုပါတယ်။ အထူးသဖြင့် ခင်ပွန်းသူက ကားမောင်းနေတဲ့အခါ အမျိုးသမီးက ဘေးကထိုင်ပြီး စိုရိမ်စိတ်နဲ့ ဖြေးဖြေးမောင်း၊ ရှေ့ မှာကားလာနေပြီ၊ မီးနီတော့မယ်၊ မီးစိမ်ပြနေပြီ စတဲ့ ဘေးကနေ တောက်လျှောက်ပြော၊ ဆရာလုပ်လို့ လင်မယားတွေ ကားမောင်းနေတုန်း စကားများ၊ ရန်ဖြစ်ကြတာကို ကြားသိကြမှာပါ။ ဒီလို တဦးတယောက်လုပ်နေကိုင်နေတာကို ငြိမ်ငြိမ်တိတ်တိတ်မနေပဲ ဘေးကနေထိုင်ပြော၊ အပြောခံရတဲ့လူကလည်း မခံနိုင်ရင် စကားများ ရန်ဖြစ် အခြေအနေမလှ ဖြစ်ရပါလိမ့်မယ်။ ဒီလိုဖြစ်ပျက်တာကို အီဒီယံအသုံးဖြင့် ပြောဆိုသုံးနိုင်ပါတယ်။ ကားမောင်းတဲ့ကိစ္စမှာတွင်မဟုတ် တခြားအလုပ်တွေမှာလည်း မလိုပဲနဲ့ ဘေးကနေထိုင်ပြီးတော့ ပြစ်တင်ပြောဆိုတာ၊ ဝေဖန်တာ၊ အကြံဥာဏ်ပေးတာ၊ မလိုလားအပ်တဲ့ ပြောဆိုအကြံဥာဏ်တွေပေးတာ၊ တဖက်လူမနှစ်သက်တဲ့ အကြံဥာဏ်ပေး ဆရာလုပ်တဲ့လူမျိုးကို back seat driver လို့ ပြောဆိုနိုင်ပါတယ်။

"My wife is the back seat driver. I told her to stop this habit as it makes me very angry. She is always telling me what to do even who to be friended with."
"ကျနော်အမျိုးသမီးက မလိုအပ်ပဲ ဆရာသိပ်လုပ်တယ်။ ကျနော်လည်း သိပ်ကိုစိတ်ဆိုးတော့ ဒီအကျင့်ကို ဖျောက်ဖို့ သူကိုပြောတယ်။ ကျနော်ကို ဘာလုပ် ဘယ်လိုလုပ်ဆိုပြီတော့ အမြဲပြောတယ်။ ဘယ်သူနဲ့ မိတ်ဆွေပေါင်းရမယ်ဆိုတာတောင် ပါသေးတယ်။"

Back to squre one - တိုက်ရိုက်ဘာသာပြန်ဆိုရင် နံပတ်တစ် လေးထောင့်ကွက်ဆီကို ပြန်ရောက်လာခြင်း လို့ ပြန်ဆိုနိုင်ပါတယ်။ ဒီအသုံးအနှုန်းက လေးထောင့်ကွက်တွေပါတဲ့ ကစားပွဲများမှ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဥပမာ။ Snakes and Ladders ဆိုတယ့် အန်စာတုံးကို ခွက်ထဲထည့်လှုပ်ပြီး ထွက်လာတဲ့ ဂဏန်းနံပါတ်ကိုယူပြီး မိမိရဲ့  ကော်ပြားအဝိုင်းကလေးကို ရွှေ့ ပြီးကစားရတဲ့ မြွေနဲ့လှေကား ကားချပ်ကစားနည်းမှ ဆင်းသက်လာတယ်လို့ သိရပါတယ်။ မိမိလှုပ်ခါချလိုက်တဲ့ အန်စာတုံးရဲ့  ဂဏန်းနံပါတ်ကိုယူပြီးတော့ ကားချပ်ပေါ်မှာ မိမိရဲ့  ကော်ပြားအဝိုင်းလေးကို ရွှေ့ ရတဲ့နေရာမှာ မြွေဆိုတဲ့အကွက်ကို ကျခဲ့ရင်တော့ အောက်ဖက်ကို လျှောကျပြန်ဆင်းရပြီး အစကနေ ပြန်ပြီးကစားရတဲ့ နည်းဖြစ်ပါတယ်။ နောက်တနည်းက ဘော်လုံးကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံမှာ ဘော်လုံးအကြောင်းကို တိုက်ရိုက်အသံလွှင့်တဲ့လူတွေက အခက်အခဲရှိတဲ့အတွက်ကြောင့်လည်း ဘော်လုံးကွင်းကို လေးထောင့်အကွက် ရှစ်ကွက်ချပြီးတော့ ဘော်လုံးက ဘယ်အကွက်ရောက်နေပြီဆိုကာ နံပါတ်တပ်ပြီးတော့ တိုက်ရိုက်အသံလွှင့်ရာမှ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဥပမာ ပွဲစဉ်ကို ခဏရပ်ပြီးတော့ ပြန်စတဲ့အခါ ဂိုးသမားဖြစ်တဲ့ နံပါတ် တစ် အကွက်ကနေ ပြန်စတာကို back to square one လို့ အသံလွှင့်သူက ပြောလေ့ရှိပါတယ်။

နေစဉ် အီဒီယံအသုံးမှာတော့ တစ်ကနေ ပြန်စရတဲ့ သဘောပါ။ အစ အဆုံး အားလုံးပေါင်း ဘာမှသုံးမရတော့ အစကနေ လုပ်ငန်းကို ပြန်စရတာကို ဆိုလိုပါတယ်။

"John said that we are back to square one. The committee did not approve our proposal and wants us to come up with a new one."
"ဂျွန် အပြောအရတော့ ကျနော်တို့ တစ်ကနေ ပြန်စကြရတော့မယ်။ ကျနော်တို့ တင်သွင်းထားတဲ့ အဆိုပြုလွှာကို ကော်မတီက သဘောမတူဘူး။ အသစ်ပြန်တင်ဖို့လိုတယ်လို့ ပြောတယ်။"

Back to the drawing board - ပုံဆွဲတဲ့ ပျဉ်းချပ်ပြားဆီကို ပြန်သွားခြင်း လို့ တိုက်ရိုက်အဓိပ္ပါယ် ပြန်ဆိုနိုင်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ ဒီဇိုင်းရေးဆွဲရာမှာ ရေးဆွဲတဲ့ဆီကိုပြန်သွားရမယ်ဆိုရင် မိမိဆွဲထားတာ မဟန်မမှန်လို့ သုံးမရလို့ ဒီဇိုင်းအသစ်ကို လုံးဝပြန်ဆွဲရမယ် သဘောကို ဆိုလိုပါတယ်။ တဖက်မှာ နေ့စဉ်ဘဝမှာ တစ်ကနေပြန်စရမယ်ဆိုတဲ့ အသုံးအနှုန်းလို back to the drawing board က အားလုံးကို အစအဆုံး ပြန်လုပ်ရတယ့် အခြေအနေမှာ ဒီအသုံးအနှုန်းကို သုံးနှုန်းပြောဆိုနိုင်ပါတယ်။

"We started an online business, but after a while it was back to the drawing board for us as we could not make a profit."
"ကျနော်တို့ အင်တာနက် စီးပွားရေးလုပ်ငန်းတခု စခဲ့တယ်။ ဒါပေမယ့် အချိန်ကာလတခုအတွင်းမှာ အမြတ်အစွန်းမရလို့ အားလုံးပြန်လည် စီမံလုပ်ကိုင်ရမယ့် အခြေအနေရောက်ခဲ့တယ်။ "

ဆက်စပ်သတင်းများ ...

XS
SM
MD
LG