သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အရာရှိအလောင်းများ ဘင်္ဂလားဒေ့ရှ်မှာ ထပ်တွေ့


ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေရဲ့ တပ်တွင်းပုန်ကန်မှုမှာ သတ်ပြီး မြေမြှုပ်ထားတဲ့ အလောင်းတွေကို အာဏာပိုင်တွေက ဒုတိယအကြိမ်ထပ်ပြီး ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အလောင်းတွေထဲမှာ အများစုက စစ်တပ်အရာရှိတွေဖြစ်ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်တွေမှာ သေနတ်နဲ့ပစ်ထားတဲ့ ဒဏ်ရာတွေ၊ လှံစွပ်နဲ့ ထိုးထားတဲ့ ဒဏ်ရာတွေနဲ့ ဖြစ်နေပြီး အလောင်းတွေအားလုံးဟာ စစ်ယူနီဖောင်းတွေနဲ့ပါ။

အခုထပ်တွေ့တဲ့အလောင်းတွေနဲ့ ပါဆိုရင် အနည်းဆုံး လူ ၈၀ လောက် အသတ်ခံထားရတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဘင်္ဂလားဒေ့ရှ် စစ်တပ်ဘက်က ပြောတာက အရာရှိစုစုပေါင်း ၇၃ ယောက် ပျောက်ဆုံးနေတုန်းပဲလို့ ဆိုပါတယ်။ အခုတွေ့ရှိတဲ့ အလောင်းတွေထဲမှာ စစ်အရာရှိတချို့ရဲ့ မိသားစုဝင်တွေလည်း ပါဝင်နေပါတယ်။

ဒီအလောင်းတွေကို မြို့တော် ဒါကာ မှာရှိတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်းထဲမှာ မြေ မြှုပ်ထားတာပါ။ ဘင်္ဂလားဒေ့ရှ် စစ်တပ်အနေနဲ့ နှစ်လပဲ ရှိသေးတဲ့ အရပ်သားအစိုးရကို ထောက်ခံတယ်လို့ ကတိပေးထားပါတယ်။ ရဲဘော်ရဲဘက်တွေနဲ့ မိသားစုဝင်တွေ အများအပြား အသတ်ခံခဲ့ရတဲ့အတွက် စစ်သားတွေအတွင်းမှာ အပြင်းအထန် ပြန်ပြီး တိုက်ခိုက်မှုတွေ ရှိလာမှာကိုလည်း စိုးရိမ်နေရတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG