သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံတကာ အမျိုးသမီးများနေ့


တနင်္လာနေ့ မတ်လ ၈ ရက်နေ့ဟာ နိုင်ငံတကာ အမျိုးသမီးများနေ့ဖြစ်ပါတယ်။ ၁၉၀၈ ခုက အမျိုးသမီးပေါင်း ၁၅၀၀၀ တို့ နယူးယောက်ခ်မြို့တွင်း ချီတက်ပြီး အလုပ်ချိန်လျှော့ပေးဖို့ လစာပိုရဖို့ မဲပေးပိုင်ခွင့်ရရှိကြဖို့ စတင်တောင်းဆိုခဲ့ကြရာက ကမ္ဘာတ၀ှမ်း ခေတ်အဆက်ဆက် ဖြစ်ပွားခဲ့တဲ့ လှုပ်ရှားမှုတွေက တဆင့် ၁၉၇၅ ခုမှာ ကုလသမဂ္ဂ က နိုင်ငံတကာအမျိုးသမီးများနေ့ကို သတ်မှတ်ပြီး ကမ္ဘာတ၀ှမ်း အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပခဲ့တာဖြစ်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က နိုင်ငံတကာ အမျိုးသမီးများနေ့အတွက် ရည်စူးပြီး သောကြာနေ့က ညီလာခံမှာ ပြောကြားခဲ့ပါတယ်။ ဒီအကြောင်းကို အခုသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ဆက်ထားပါ တယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG