သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇာဂနာ့ ကျန်းမာရေး မိသားစု စိုးရိမ်


ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းနဲ့ ဒီနှစ် စောစောပိုင်းမှာ ထောင်ဒဏ် စီရင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဒဏ်နှစ်ရှည်တွေ ချမှတ်ခဲ့သလို မိသားစုတွေနဲ့ ဝေးလံတဲ့ နယ်ထောင်တွေကိုလည်း ပို့ခဲ့ပါတယ်။ ဒါကြောင့်မိုလို့ မိသားစုဝင်တွေအနေနဲ့ ထောင်ဝင်စာတွေ့ဖို့ အခက်အခဲ အမျိုးမျိုးရှိကြသလိုပဲ နိုင်ငံရေးအကျဉ်းသားတွေရဲ့ တခြား ရပိုင်ခွင့်တွေဖြစ်ကြတဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်ခွင့်တွေလည်း မရကြတာမို့ သက်ဆိုင်ရာ မိသားစုတွေက အတော်လေးကို ပူပင်သောက ရောက်နေကြရပါတယ်။ လူရွှင်တော် ဇာဂနာ ခေါ် ကိုသူရ ကိုတော့ နာဂစ်မုန်တိုင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်မှုနဲ့ ပတ်သက်လို့ ထောင်ဒဏ် ၃၅ နှစ်နဲ့ ကချင်ပြည်နယ် မြစ်ကြီးနားထောင်မှာ ချခံနေရတာဖြစ်ပါတယ်။ အဲဒီမှာ နဂိုက ကျန်းမာရေး ချို့တဲ့နေတဲ့ကြားကပဲ ထောင်တွင်းရေမသန့်မှုကြောင့် ခဲဆိပ်သင့်တဲ့ အခြေအနေတွေ ရှိနေတယ်လို့ မိသားစု က ပြောပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက ကိုဇာဂနာ ရဲ့ ညီမဖြစ်သူ ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

ကိုဇာဂနာ ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေကို ထောင်ဝင်စာသွားတွေ့ခဲ့တဲ့ လက်ရှိ ကျန်းမာရေး အခြေအနေကို ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ ညီမဖြစ်သူက ပြောပြပါတယ်။

"သူက အင်္ဂလိပ်ဆေးသောက်တာ မသက်သာဘူး၊ မသက်သာဘူး ဆိုပြီးတော့ အစ်ကိုလည်း တီဘီတောင် ဖြစ်ပြီလား ဆိုပြီးတော့ ကြောက်တောင် ကြောက်တယ်။ စိုးရိမ်တာပေါ့နော်။ သူ့ကိုယ်သူ။"

ခဲရေကြောင့်ဖြစ်လာမယ့် အကျိုးဆက်တွေကြောင့် စိုးရိမ်ရကြောင်းတွေကိုလည်း ဆက်ပြောသွားပါတယ်။

"ဆရာ ဇော်မြင့်မောင် ထွက်လာတော့လေ။ ဆရာ ထွက်လာတော့ သူက မျက်နှာတွေ မဲလာတယ်။ မဲလာတာ သူက ခဲဆိပ်တွေ ပေါ့နော်။ မြစ်ကြီးနားထောင်ဘက်ကို နည်းနည်း စုံစမ်းတော့လည်း အရင် သွားဖူး နေဖူးတဲ့သူတွေကတော့ အဲဒီက သောက်ရေထဲမှာ ခဲထည့်ထားတယ်ပေါ့နော်။ သူက အဲဒါ အင်္ဂလိပ်ခေတ်ကတည်းက လုပ်တယ်ဆိုတော့ ဒါကို cover လုပ်ရတော့မှာလေ။ ဒီဟာ သောက်ခဲ့ရရင် ဒုက္ခရောက်မှာပေါ့နော်။ သူတို့က ချက်ချင်းတော့ မပြဘူးနဲ့တူပါတယ်။ နှစ်ရှည်လများဆိုသလို ဖြစ်လာမှာတော့လည်း ကိုယ်ကလည်း စိုးရိမ်တာလေ။ ကိုယ့်ရှေ့မှာ တခါတလေကျတော့လည်း ကိုယ့်မျက်စိရှေ့မှာ လွတ်တဲ့သူတွေ ရိုးရိုးလူတွေပေါ့နော်။ အဲဒါမျိုးတွေ ကျမသွားတုန်း ကြုံတဲ့အခါကျတော့ သူတို့ကို ကြည့်ရတာ ဖောသွပ်သွပ်ကြီးလို့ ၊ ဘယ်လိုကြီးများလည်း မသိဘူးလို့။ စိုးရိမ်တယ်ပေါ့နော်။ ဘာတွေ ဖြစ်လာမလဲ။ ဘာတွေ ဖြစ်လာမလဲပေါ့နော်။ အဓိက က ဆရာဝန်တွေမေးကြည့်တော့ အသည်း၊ ကျောက်ကပ် တို့လည်း ထိတတ်တယ်ပေါ့နော်။ ဒီလို ရေမျိုးတွေက ဆိုတော့။"

မြစ်ကြီးနားအကျဉ်းထောင်မှာ ၁၀ နှစ်ကျော် နေခဲ့ရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင် က တော့ ထောင်ထဲမှာ ရေနွေးပဲ သောက်ခဲ့ရတဲ့အတွက် ခဲ ပါ-မပါဆိုတာ မသိခဲ့တဲ့အကြောင်း၊ ဒါကလည်း ရေကို ဓါတ်ခွဲမှသာ သိနိုင်ကြောင်း ပြောသွားပါတယ်။

"အဲဒါကတော့ အဲန်ကယ်လ်တို့ မသိနိုင်ဘူးလေ။ ခဲ ပါတယ်ဆိုတာက ရေကို ဓါတ်ခွဲကြည့်မှ သေချာသိမှာကိုး။ အဲန်ကယ်တို့ သိဖို့ မလွယ်ဘူးလေ။ အဲဒါလည်း အပြင်မှာ သေချာစမ်းသပ်မှ သိမှာပဲ။ အဲန်ကယ်လ် ကတော့ ရေကျက်အေးပဲ သောက်ပါ တယ်။ ကျန်တဲ့ ရေစိမ်းကို မသောက်ဘူး။ ကိုယ့်ဘက်က စိတ်ချရအောင်လို့ပေါ့နော်။ ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေ မဖြစ် အောင် ဒီလို သောက်တာပါ။"

ဒေါက်တာ ဇော်မြင့်မောင် လွတ်လာတဲ့အချိန်မှာ မျက်နှာတွေက အရင်ကထက်စာရင် မည်းသွားတယ်။ အစက်အပြောက် တွေ ဖြစ်သွားတယ်ဆိုတာကတော့ မှန်ကန်ကြောင်း ဒါက ဘာကြောင့်ဆိုတာတော့ မစစ်ဆေးရသေးကြောင်း ပြောသွားပါ တယ်။

"အဲဒါကတော့ အန်ကယ် မဲှ့ခြောက်တွေပါ။ မဲှ့ခြောက်ကတော့ အသက်ကြီးလို့လည်း ဖြစ်နိုင်တာပေါ့။ အဲဒါလို့ လောလော ဆယ်တော့ အန်ကယ် က ဒီလို ထင်တာပေါ့နော်။ မဲတာကတော့ မဲလာတာပေါ့လေ။ အဲတော့ အသက်အရွယ် ကြီးရင့်လို့ပဲ မဲှ့ခြောက်တွေ ပေါ်လာသလား၊ ကျန်တဲ့တခုခုများ ဖြစ်မလား ဆိုတာ အန်ကယ် အဲဒါတော့ စမ်းသပ်ဖို့လိုတယ်လို့ နည်းနည်း တော့ ထင်တာပေါ့လေ။"

ဒေါက်တာ ဇော်မြင့်မောင် ထောင်ထဲမှာ ရှိစဉ်တုန်းကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းက အနာဖြစ်တာကြောင့် မိသားစု က ကင်ဆာသံသယ ရှိတယ်။ အသားစကို စစ်ဆေးချင်ကြောင်း ပြောပြခဲ့ဖူးပါတယ်။ အခုအခါမှာတော့ စစ်ဆေးပြီးတဲ့ အခြေအနေကို မေးမြန်းကြည့်ခဲ့ရာမှာတော့ -

"General Medical Check-up ပဲ လုပ်တာပေါ့။ ခေါင်းကနေ ခြေဖျားအထိ၊ အဓိက ကတော့ အစာအိမ်လမ်းကြောင်းကို အန်ကယ် စမ်းတာပါပဲ။ ကျန်တာ chest X-ray တို့ဘာတို့ကတော့ အဲဒီအတွင်းမှာတော့ တခါ လုပ်ခဲ့ပြီးပြီ။ သွေးတွေဘာတွေ ပြန်ဖောက်တာပေါ့နော်။ အထွေထွေ စစ်ဆေးတာပေါ့နော်။ အဲဒါကို လုပ်တာပေါ့။ အခုဟာကတော့ နာတာရှည် အစာအိမ် ယောင်ယမ်းတယ် ဆိုတာကိုပဲ သူတို့ တွေ့တယ်ပေါ့။ အဲဒီအတွက် ဆေးထပ်ပေးတယ်လေ။ အဲန်ကယ်လ် အထဲထဲမှာတုန်းက လည်း ဆေးသောက်ခဲ့ပြီးသားပါပဲ။ ထပ်သောက်ရတာပေါ့နော်။"

၂၀၀၇ ခုနှစ်ကတော့ ထောင်တွေကို ကြံ့ခိုင်ဖွံဖြိုးရေးအသင်း အမျိုးသမီးရေးရာတို့က ရေသန့်စက်များ လှူတယ်ဆိုတဲ့ သတင်းတွေ ကြားရပေမဲ့ အကျဉ်းသားတွေ သောက်ရေသန့် သောက်ရတာတွေ မရှိခဲ့ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG