သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားဝန်ကြီးချုပ် နှုတ်ထွက်မည်


မလေးရှားဝန်ကြီးချုပ် အဗ္ဗဒူလာ အာမက်ဒ် ဘာဒါဝီ (Abdullah Ahmad Badawi) က သူ ရာထူးကနေ နုတ်ထွက်ပေးတော့မှာဖြစ်ပြီး ဒု-ဝန်ကြီးချုပ် နာဂျစ်ဘ် ရာဇတ်ခ် (Najib Razak) ကို အာဏာလွှဲပြောင်းပေးမယ်လို့ ကြေညာလိုက်ပါတယ်။

လာမယ့်အပတ် ကြာသပတေးနေ့၊ ဧပြီလ ၂ ရက်နေ့မှာ မလေးရှား ဘုရင်ဆီ သွားပြီး တရားဝင်နှုတ်ထွက်စာတင်မှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ဘာဒါဝီက မနေ့က ပြောခဲ့ပါတယ်။ မစ္စတာဘာဒါဝီနဲ့ မစ္စတာရာဇတ်ခ် နှစ်ဦးစလုံးဟာ UMNO အမ်နို လို့ လူသိများတဲ့ ညီညွတ်သော မလေးအမျိုးသားအဖွဲ့ ပါတီဝင်တွေ ဖြစ်ကြပါ တယ်။ ဒီပါတီဟာ ၁၉၅၇ ခုနှစ် ဗြိတိသျှကိုလိုနီကနေ လွတ်လပ်ရေးရပြီးကတည်း က တောက်လျှောက် အာဏာရခဲ့တဲ့ ညွန့်ပေါင်းအစိုးရ ဖြစ်ပါတယ်။

အတိုက်အခံတွေက အူနိုပါတီဟာ တိုင်းပြည်ရဲ့ တရားစီရင်ရေးကို ဖျက်ဆီးပစ် တယ်၊ မလေးလူမျိုးတွေကို မျက်နှာသာအထူးပေးပြီး လူနည်းစု တရုတ်နဲ့ အိန္ဒိယ နွယ်ဖွားတွေကို ခွဲခြားဆက်ဆံတယ်ဆိုပြီး စွပ်စွဲနေတာ ဖြစ်ပါတယ်။

ဒီသီတင်းပတ် အစောပိုင်းတုန်းက ဝန်ကြီးချုပ်ဘာဒါဝီက သူ့ပါတီ ကွန်ဂရက်စ်အစည်းအဝေးပွဲမှာ တကယ်လို့ အမ်နိုပါတီ အနေနဲ့ အတိုက်အခံတွေကို ဖမ်းဆီးတာတွေ၊ အစိုးရကို ဝေဖန်သူတွေကို နှိပ်ကွပ်တာတွေ၊ လူနည်းစု တရုတ်နဲ့ အိန္ဒိယ နွယ်ဖွားတွေအပေါ် ခွဲခြားဆက်ဆံတာတွေကို မရပ်ဘဲ ဆက်လုပ်နေမယ်ဆိုရင်တော့ အမ်နိုပါတီဟာ တနေ့မှာ ဧကန် ပျက်စီး ဆုံးရှုံးမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

၂၀၀၈ ခုနှစ် မတ်လရွေးကောက်ပွဲတုန်းကလည်း အမ်နိုပါတီဟာ ပါလီမန်အမတ်နေရာ သုံးပုံနှစ်ပုံကို နှစ် ၄၀ အတွင်း ပထမဆုံးအကြိမ် လက်လွတ် ဆုံးရှုံးခဲ့ရပါတယ်။ မလေးရှားနိုင်ငံရဲ့ ပြည်နယ် ၁၃ ပြည်နယ်ထဲက ၅ ပြည်နယ်ကိုလည်း အတိုက်အခံတို့ရဲ့ လက်ထဲကို လွှဲပေးခဲ့ရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG