သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီ နဲ့ လူ့တိုးတက်ဖွံ့ဖြိုးရေး


ဒီမိုကရေစီနဲ့ လူ့အဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုးရေး ဆက်စပ်နေပုံကို သုတေသနလုပ်ထားတဲ့ သုတေသနစာတမ်း တစ်စောင်ကို လွန်ခဲ့တဲ့ ဇန္နဝါရီလနဲ့ ဖေဖေါ်ဝါရီလမှာ ကမ္ဘာ့ဘဏ်က ထုတ်ဝေလိုက်ပါတယ်။ ဂျာမဏီနိုင်ငံ ဂေါ့တင်ဂန် (Gottengen) တက္ကသိုလ်က ဘောဂဗေဒပညာရှင် နှစ်ဦးပြုစုထားတဲ့ စာမျက်နှာ (၅၀) နီးပါးရှိတဲ့ စာတမ်းဖြစ်ပြီး ၁၉၇၀ မှ ၂၀၀၃ ခုနှစ်အထိ (၃၃) နှစ်က အချက်အလက်များကို အခြေခံပြီး ပြုစုရေးသားထားတဲ့ စာတမ်းဖြစ်ပါတယ်။ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုကို ဝင်ငွေနဲ့တိုင်းတာလေ့ရှိပေမယ့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးမှုကိုတိုင်းတာရာမှာ ကျန်းမာရေး၊ ပညာရေးတို့ နဲ့ လွတ်လပ်မှုက အဓိကကျနေပုံကို ဖော်ပြထားပါတယ်။ လူ့တိုးတက်ဖွံ့ဖြိုးရေးကို နိုင်ငံရေးစနစ်က ဘယ်လောက်အထောက်အကူ ပြုနိုင်တယ်ဆိုတာကို လေ့လာဆန်စစ်ထားတာဖြစ်ပါတယ်။ ဒီစာတမ်းတွေရဲ့အကြောင်းကို ပိုမိုသိရှိနိုင်ဖို့ ဆောင်းပါးရှင် ဦးအောင်ခင်က မညိုညိုလွင် (ဗွီအိုအေမြန်မာ) နဲ့ အတူ သုံးသပ်တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG