သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖြူ (white) အမဲ (black)  ဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ


ဒီတပတ် အဖြူ အမဲ အခြေခံပြီး တင်ပြထားတယ် အီဒီယံအသုံးတွေကတော့ black sheep, black eye, white lie နဲ့ white wash တို့ဖြစ်ပါတယ်။

အဖြူဟာ သန့်စင်မှု၊ မွန်မြတ်မှုဆိုတဲ့ သဘောကိုဆောင်ပြီး အမဲကတော့ ရက်စက်မှု အမင်္ဂလာဆောင်တယ်လို့ အစဉ်အလာအားဖြင့် ယူဆခဲ့ကြပါတယ်။ ဒီတပတ် အမဲ (ရောင်) နဲ့ ပတ်သက်ပြီး

ပထမဦးဆုံးတင်ပြမယ့် အီဒီယံ အသုံးအနှုန်းက

black sheep - အမဲရောင်သိုး လို့ လုံးကောက်ဘာသာပြန် ပြောဆိုနိုင်ပါတယ်။ အီဒီယံအသုံးအနှုန်းကတော့ အသုံးမကျတဲ့လူ၊ မျက်နှာအိုးမဲသုတ်တဲ့လူ၊ အရှက်ခွဲတဲ့လူ လို့ ဆိုလိုပါတယ်။ အထူးသဖြင့် ဆွေမျိုးမိဘ အသိုင်းအဝိုင်းဂုဏ်ကို ဖျက်ဆီးသူကို ပြောဆိုခေါ်ဆိုကြပါတယ်။ ဒီအသုံးအနှုန်းက sheep ဆိုတဲ့ အဖြူရောင်သိုးတွေကြားမှာ အမဲရောင်တကောင်ပါနေတယ်ဆိုရင် အဖြူရောင်သိုးအုပ်ရဲ့ အလှကို အစွန်းထင်စေတဲ့ အမဲစက် သဘောဖြစ်ပါတယ်။

"Uncle Joe is a black sheep in the family. Instead of getting a job, all he does is drink too much, gamble away any money he gets and chase after women."
"ဦးလေး ဂျို တစ်ယောက်မှာ မိသားစုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့လူပါပဲဗျာ။ အလုပ်ရှာမယ့်အစား အရက်တွေဖိသောက်၊ ရသမျှပိုက်ဆံကို လောင်းကစားပစ်တယ့်အပြင် မိန်းမလည်း အရမ်းရှုပ်တယ်။"

ဒုတိယအသုံးအနှုန်းက

black eye - အမဲရောင်မျက်လုံး လို့ လုံးကောက် ဘာသာပြန် ပြောဆိုနိုင်ပါတယ်။ အီဒီယံသွယ်ဝှိက် အဓိပ္ပါယ်မှာတော့ လူ့အဖွဲ့အစည်းတရပ်ကို ဂုဏ်သိက္ခာပျက်စေတာ၊ အရှက်တရားရစေတဲ့ သဘောဆောင်ပါတယ်။ မြန်မာမှာလည်း အမဲစက်ထင်စေတယ်၊ အစွန်းထင်စေတယ် ဆိုတဲ့ အသုံးအနှုန်း ရှိပါတယ်။

"When the newspaper found out the highway commissioner was taking a bribe from paving contractors, it gave a black eye to the whole city government."
"အဝေးပြေးလမ်းမ ဖောက်လုပ်ရေးဌာနမင်းကြီးက လမ်းခင်းကွန်ထရိုက်တာ တွေဆီက လာဘ်စားတဲ့အကြောင်း သတင်းစာက သိသွားတော့ မြို့တော်အုပ်ချုပ်ရေးတခုလုံး အမဲစက်ထင် ဖြစ်သွားခဲ့တယ်။"

အဖြူရောင်နဲ့ ပတ်သက်တဲ့ အသုံးအနှုန်းများကတော့

white lie - အဖြူရောင် မှုသားဝါဒ လိမ်လည်မှုလို့ တိုက်ရိုက်ဘာသာပြန်နိုင်ပါတယ်။ သွယ်ဝှိက်အဓိပ္ပါယ်မှာတော့ တဖက်လူ ထိခိုက်စိတ်မကောင်းဖြစ်မှာကြောင့်လို့ သွယ်ဝှိက်ပြီး မှုသားသုံးပြီးပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။ မြန်မာစကားမှာ မှုသားမပါ လင်္ကာမချော ဆိုတဲ့ စကားအတိုင်း ဖြစ်ပါတယ်။

"I told a white lie when I Jenny her boyfriend was good looking. The truth is he just about the ugliest man I have ever seen."
"ဂျင်နီရဲ့ အဆက် ကောင်ကလေးကို လူချောကလေးလို့ ပြောလိုက်တာ မှုသားမပါလင်္ကာမချော ပြောလိုက်တဲ့သဘောပါ။ တကယ့်တော့ ဒီကောင်ကလေးဟာ ကျနော်တွေ့ဘူးတဲ့လူတွေထဲမှာ ရုပ်အဆိုးဆုံး လူတယောက်ဖြစ်တယ်။"

white wash - အဖြူရောက် လျှော်ဖွတ်ခြင်း လို့ တိုက်ရိုက်ပြန်ဆိုနိုင်ပါတယ်။ အီဒီယံအသုံးမှာတော့ အမှားတွေ၊ အစွန်းတွေ မမြင်အောင်လို့ ဆေးသုတ်လျှော်ဖွတ် ဖုံဖိတဲ့ အပေါ်ယံ ရွှေမှုံကြဲ တဲ့သဘော ဖြစ်ပါတယ်။

"The official report on the train incident was nothing, but a white wash. They didn't try to find out who was to blame."
"ရထားတိုက်မှုနဲ့ ပတ်သက်ပြီး တရားဝင်ထုတ်ပြန်တဲ့ အစီရင်ခံစာဟာ တကယ်တော့ ဟန်ပြအစီရင်ခံစာ ဖြစ်တယ်။ ဘယ်သူမှာ အပြစ်ရှိတယ်၊ တာဝန်ရှိတယ်ဆိုတာကို ဖော်ထုတ်ဖို့ ကြိုးပမ်းလုပ်ဆောင်ခြင်း မရှိဘူး။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG