သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောက်လှမ်းရေး လေယာဉ်တွေ  မြောက်ကိုရီးယား ပစ်ချမည်


မြောက်ကိုရီးယားနိုင်ငံက သူ့လေပိုင်နက်ထဲဝင်လာပြီး ရှေ့လအစောပိုင်း ဒုံးကျည်ပစ်လွှတ်ဖို့ အစီအစဉ်ကို စောင့်ကြည့် ထောက်လှမ်းမယ့် ဘယ်လို အမေရိကန် သူလျှိုလေယာဉ်ကိုမဆို ပစ်ချမယ်လို့ ပြောလိုက်ပါတယ်။ ဒုံးကျည်အစီအစဉ်ကို ဝင် နှောက်ယှက်ဖို့ ကြိုးစားတဲ့ လေယာဉ်တွေကို ပစ်ချမယ်လို့ ဗုဒ္ဓဟူးနေ့က နိုင်ငံပိုင် ရေဒီယိုကနေ မြောက် ကိုရီးယားက ကြေညာခဲ့တာပါ။

ဧပြီလ ၄ ရက်ကနေ ၈ ရက်နေ့အတွင်း အာကာသ ဒုံးကျည်ကို ပစ်လွှတ်ဖို့ စီစဉ်ထားတယ်လို့ မြောက်ကိုရီးယားက ပြောပါ တယ်။ ဒီ ပစ်လွှတ်မှုဟာ တာဝေးသွား တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်စမ်းသပ်မှာကို ဖုံးကွယ်ထားတာဖြစ်တယ်လို့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က ပြောကြပါတယ်။

ဒုံးကျည် မပစ်လွှတ်ခင်မှာ တင်းမာမှုတွေ တိုးပြီး ဖြစ်ပေါ်နေပါတယ်။ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်မယ်ဆိုတာအပေါ် အလွန်အကျွံ မတုံ့ပြန်ကြဖို့ ICG နိုင်ငံတကာ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးဆိုင်ရာအဖွဲ့က အင်္ဂါနေ့မှာ သတိပေးခဲ့ပါတယ်။
ဒုံးကျည်ကို ပစ်ချဖို့ ကြိုးစားတာလို တင်းမာတဲ့ တုံ့ပြန်မှုတွေဟာ ခြောက်နိုင်ငံ နျူကလီးယားဆွေးနွေးပွဲတွေ အဆုံးသတ်သွား စေနိုင်သလို ဒေသတွင်းစစ်ပွဲတောင် ဖြစ်သွားနိုင်တယ်လို့ ဘရပ်ဆဲလ်အခြေစိုက် ICG အဖွဲ့က သတိပေးခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG